လကုန်ရက်ပိုင်းများတွင် ရန်ကုန် အပါအဝင် ဒေသအချို့၌ မိုးပိုလာနိုင်
ယွန်း (NSS) - ဇူလိုင် ၂၇
ဇူလိုင်လ(၃၀)ရက်မှစ၍ လကုန်ရက်ပိုင်းများတွင် ရန်ကုန် အပါအဝင် ဒေသအချို့၌ သိသိသာသာမိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ သိရသည်။
လာမည့် ဇူလိုင်လ(၃၀)ရက်မှစ၍ သြဂုတ်လ(၂)ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းတို့၏ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် မိုးပိုလာနိုင်ကြောင်း မိုးဇလမှ သိရသည်။
“လေဖိအားနည်းရပ်ဝန်းက အိန္ဒိယဘက်ကိုသွားမယ်။ သို့သော် တောင်တရုတ်ပင်လယ်ပြင်မှာလည်း မုန်တိုင်းတစ်ခုကလည်းရှိနေတော့ သူတို့နှစ်ခုကြားမှာရောက်နေတဲ့ မြန်မာနိုင်ငံကတော့ သက်ရောက်မှုတော့ရှိမယ်။ ခုရက်တွေတော့မဟုတ်သေးဘူး။ လာမယ့် ဇူလိုင်(၃၀)၊ (၃၁)နဲ့ သြဂုတ်(၁)(၂)ရက်ပေါ့ စသဖြင့် အဲဒီရက်တွေမှာတော့ မိုးသိသိသာသာပိုနိုင်ပါတယ်”ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။
အဆိုပါ ရက်များအတွင်း ရန်ကုန် အပါအဝင် ရခိုင်၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သာရီတို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု နည်းပါးကြောင်း သိရသည်။
“လေဖိအားနည်းရပ်ဝန်းက ဆက်လက်အားကောင်းလာနိုင်တဲ့ အခြေအနေတော့မရှိပါဘူး။လော လောဆယ်မှာတော့ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်ပြီးတော့ရှိနေပါသေးတယ်။ အိန္ဒိယဘက်ကိုပဲ သက်ရောက်မှုကများမှာပေါ့။ မြန်မာနိုင်ငံအတွက်ကတော့ သက်ရောက်မှု အများကြီးမရှိဘူး နည်းမယ် သို့သော်မုတ်သုံကာလလည်းဖြစ်တဲ့အတွက် မိုးရွာသွန်းမှုပိုလာမယ့်အနေအထားတော့ရှိတယ်”ဟု ဦးလှထွန်းက ဆက်လက်ပြောသည်။
ထိုသို့ မိုးရွာသည်းထန်စွာ ရွာသွန်းမှုများရှိနိုင်သည့်အတွက် နောက်ဆက်တွဲအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်း သတိပြု၍ နေထိုင်သင့်ကြောင်း မိုးဇလမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တမူးမြို့နယ်တွင် သားအမိ(၃)ဦးကို အကြမ်းဖက်အဖွဲ့က နေအိမ်၌သေနတ်ဖြင့် ပစ်သတ်ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ