တမူးမြို့နယ်တွင် သားအမိ(၃)ဦးကို အကြမ်းဖက်အဖွဲ့က နေအိမ်၌သေနတ်ဖြင့် ပစ်သတ်ဟုဆို
NSS - ဇူလိုင် ၂၇
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် သားအမိ(၃)ဦးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂၄ ရက်)၊ ည ၁၀နာရီ ၅မိနစ်အချိန်တွင် တမူးမြို့၊ စန္ဒကူး(၁-ခ)ရပ်ကွက် တွင်အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် သေဆုံးခဲ့သော သားအမိ(၃)ဦးသည် ၎င်းတို့နေအိမ်၌ရှိနေစဉ် အကြမ်း ဖက်အဖွဲ့မှ အင်အား(၇)ဦးခန့်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စန္ဒကူး(၁-ခ)ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်အေး(၄၈)နှစ်၊ သားဖြစ်သူ မောင်ပြည့်လျှန်(၁၆) နှင့် သမီးဖြစ်သူ မငြိမ်းငြိမ်း(၂၁)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ဒုတိယမြို့နယ်တရားသူကြီးအဆင့် ရာထူးများခေါ််ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း