မြန်မာနိုင်ငံကူးလက်မှတ်များ အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ တိုးမြှင့်ကောက်ခံသွားမည်ဟု သံရုံးအချို့အသိပေး
စော(NSS) - ဇူလိုင် ၂၆
မြန်မာနိုင်ငံကူးလက်မှတ်များ အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သံရုံးအချို့က အသိပေးကြေညာထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြိုရှိ မြန်မာသံရုံးများမှ ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင် ဒဏ်ကြေးငွေများ ပြောင်းလဲကောက်ခံသွားမည်ဟု အသိပေးကြေညာထားခြင်းဖြစ်သည်။
ဂျပန်ရှိ မြန်မာသံရုံးအနေဖြင့် ယခင်က မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်ပြန်လည်လျှောက်ထားခြင်းများကို ဒဏ်ကြေးအဖြစ် ဂျပန်ယန်းငွေ (၁၂၀၀၀) နှင့် စာအုပ်အသစ်ဖိုး ယန်းငွေ (၅၀၀၀) စုစုပေါင်း (၁၇၀၀၀)ကောက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်အသစ်ပြန်လည်လျှောက်ထားခြင်းများကို ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်မှ စတင်ကာ ဒဏ်ကြေး ဂျပန်ယန်းငွေ (၁၅၀၀၀)နှင့် စာအုပ်တန်ဖိုး ယန်းငွေ (၅၀၀၀) စုစုပေါင်း (၂၀၀၀၀) သို့ ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
အလားတူ ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးကလည်း ဇူလိုင်လ (၂၃)ရက်မှ စတင်ကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များ အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ (၁၄၀)သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဖိလစ်ပိုင်ရှိ မြန်မာသံရုံးအနေဖြင့် ယခင်က မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်ပြန်လည်လျှောက်ထားခြင်းများအတွက် ဒဏ်ကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ (၇၅)ဒေါ်လာ ကောက်ခံ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှုအတွက် အထောက်အထားတစ်ခုဖြစ်ပြီး အရေးကြီးသော သက်သေခံအထောက်ထားဖြစ်သည့်အတွက် ကာယကံရှင်များအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း သံရုံးများက တိုက်ထွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၆ ရက်အတွင်း ဖြစ်ပွားခဲ့သော သတင်းထူးများ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း