ဆရာဝန် နှင့် သွားနှင့်ခံတွင်း ဆရာဝန် (၃၉ဝ) ကျော်ကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်
NSS - ဇူလိုင် ၂၅
ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) (၃၉ဝ)ကျော်အား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ Stadium (B)၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခံရသူများတွင် အလုပ်သင်ကာလ ပြီးမြောက်ခဲ့သည့် ဆရာဝန် (သစ်လွင်) ၃၂၆ ဦးနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၆၅ ဦးတို့ ပါဝင် ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက “အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်ပိုမို၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
ထို့ပြင် ဆရာဝန်(သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအနေဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်ရာတွင် တာဝန်ကျရာဒေသအတွင်းတွင်နေထိုင်သည့် ပြည်သူများအပေါ် တစ်သွေးတည်းတစ်သားတည်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ သဘောထား၍ ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးပြည့်ဝစွာပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။
အဆိုပါ ဆရာဝန်များတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တို့ပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းဘွဲ့လွန် ဒီပလိုမာသင်တန်းများ၊ မဟာသိပ္ပံသင်တန်းများနှင့် ပါရဂူသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည့်အပြင် ပြည်ပဘွဲ့လွန်သင်တန်းများကိုလည်း ခွင့်ပြုစေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင် ၂၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းထူးများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ