လူမှုရေးအရှုပ်ထွေးများ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ရာထူးက ထုတ်ပယ်
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
တရုတ်အစိုးရဟာ နိုင်ငံခြားရေးဝန်ကြီး Qin Gang ကို ရာထူးက ထုတ်ပယ်လိုက်ပြီး ဝမ်ယိကို တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gangဟာ ပြီးခဲ့တဲ့ ဇွန်လတည်းက လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့ပြီး ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေခဲ့ကြောင်း သိရပါတယ်။ တရုတ်အာဏာရပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီရဲ့အထူးအစည်းအဝေးကျင်းပခဲ့ပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၂၅ ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်လိုက်တာကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ လူမှုရေးအရှုပ်ထွေးများရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ ပြီးနောက် ကွန်မြူနစ်ပါတီရဲ့အမြင့်ဆုံးအဖွဲ့ဟာ ပါတီရဲ့စည်းမျဉ်းစည်းကမ်းများအတိုင်း ရာထူးကနေ ထုတ်ပယ် လိုက်တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါတရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး တရုတ်သမ္မတ နဲ့ ရှီကျင့်ဖျင်နဲ့ ရင်းနှီးသူဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ပြီးနောက်ပိုင်း ယခင်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ဝမ်ယိဟာ တရုတ်အစိုးရရဲ့နိုင်ငံတကာအစည်းအဝေးပွဲတွေကို ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ တရုတ်သတင်းမီဒီယာတွေက "တရုတ်နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ဝမ်ယိကို နိုင်ငံခြားရေးဝန်ကြီးအသစ် အဖြစ် ခန့်အပ်ခဲ့တယ်။ Qin Gang ကို ဝန်ကြီးရာထူးကနေ အနားပေးခဲ့တယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပယ်လိုက်ခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်အခြေနေများကို တရုတ်အစိုးရက လတ်တလောအချိန်ထိ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသမီးသတင်းထောက်တစ်ဦးနဲ့ လူမှုရေးအရှုပ်အထွေးများရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ သားတစ်ဦး ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များကို စစ်ဆေးစရာရှိသည်ဟုပြောဆိုကာ လက်ပြန်ကြိုးတုတ်ပြီးနောက် ဓါးပြတိုက်လုယက်မှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ