ထိုင်းအစိုးရအဖွဲ့အသစ်ထံ ငြိမ်းချမ်းစွာအာဏာ လွှဲပြောင်းပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၄
ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက လက်ရှိအချိန်မှာ ထိုင်းအစိုးရအသစ်ဖွဲ့စည်းနိုင်ရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုများရှိနေရပေမယ့် အာဏာလွှဲပြောင်းမှုတွေကို ငြိမ်းချမ်းစွာလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဟာ နိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်စေဖို့ နဲ့ ထိုင်းနိုင်ငံကို ပြည်ပခရီးသွားတွေ ပိုမိုလာရောက်စေဖို့ အပါအဝင် အရာရာတိုင်းပိုမိုကောင်းမွန်စေဖို့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးဖို့ လိုလားနေကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ပြောပါတယ်။
ဝန်ကြီးချုပ် ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအိမ်စောင့်အစိုးရဟာ အစိုးရအသစ်မဖွဲ့နိုင်သေးခင်အချိန်အထိ အစိုးရ အဖြစ် ဆက်ရှိမှာဖြစ်ပြီး နိုင်ငံတာဝန်များကို ရယူမှာဖြစ်ကြောင်း ဆိုပါတယ်။ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရ ခဲ့တဲ့ ရှေ့သို့ချီပါတီဟာ ပါတီခေါင်းဆောင်ပီတ လင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရတဲ့အတွက် ဖြူထိုင်းပါတီက ထိုင်းအစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိသွားခဲ့ပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ပါတီဖြစ်ခဲ့တဲ့ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ရှေ့သို့ချီပါတီကို အားပေးထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူအုပ်စုက ဖြူထိုင်းပါတီ ရုံးချုပ်ကိုလာရောက်ကာဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းတက်ကြွ လှုပ်ရှားသူများက ညီညွတ်သောထိုင်းအမျိုးသားပါတီကို အာဏာရှင်ပါတီအဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေနေက သောင်မတင်ရေမကျဖြစ်နေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်း၌ ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ(၈)ဦးအနက် တစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ