Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
The 1975 တေးဂီတအဖွဲ့ မလေးရှား၌ LGBT ပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် အင်ဒိုနီးရှား၊ ထိုင်ဝမ်ရှိုးပွဲများကို ဖျက်သိမ်း

Htay Oung (NSS) - ဇူလိုင် ၂၄

ဗြိတိန်နိုင်ငံ The 1975 တေးဂီတအဖွဲရဲ့ ခေါင်းဆောင်ဟာ သူ့ရဲ့တီးဝိုင်းဖော်ကို လိင်တူချင်း လူမြင်ကွင်းမှာ နမ်းရှုံလိုက်ခြင်းကြောင့် မလေးရှားနိုင်ငံက ဖျော်ဖြေခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ နောက်တစ်ရက်အကြာမှာ The 1975 က သူတို့ရဲ့ ထိုင်ဝမ်နဲ့ မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားရှိ ရှိုးပွဲများအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ Reuters က ယမန်နေ့ (ဇူလိုင်လ ၂၃ ရက်)မှာ ရေးသားပါတယ်။ 

ကံမကောင်းစွာပဲ၊ လတ်တလော အခြေအနေတွေကြောင့် စီစဉ်ထားတဲ့ ရှိုးပွဲတွေကို ဆက်လက်တင်ဆက်ဖို့ မဖြစ်နိုင်တော့ပါကြောင်း ပေါ့ပ်ရော့ခ်အဖွဲ့က အသေးစိတ်ဖော်ပြခြင်းမရှိပဲ ကြေညာခဲ့ပါတယ်။ 

စနေနေ့ ကွာလာလမ်ပူမြို့တော်မှာ ဂီတဖျော်ဖြေခွင့်ကို မလေးရှားအစိုးရက  ရုတ်သိမ်းလိုက်ပြီး ရိုသေလေးစားမှုမရှိတဲ့ အပြုအမူများလို့ The 1975 ကို တားမြစ်ခဲ့ပါတယ်။


လိင်တူဆက်ဆံခြင်းဟာ မွတ်စလင်အများစုနေထိုင်ရာ မလေးရှားမှာ ရာဇ၀တ်မှုကျူးလွန်ရာ ရောက်ရှိပါတယ်။ LGBT အပေါ် သည်းမခံနိုင်မှု ကြီးထွားလာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားပါတယ်။

သောကြာနေ့ ကွာလာလမ်ပူအဖြစ်အပျက်တွေဟာ မလေးရှားအစိုးရကိုသာမက LGBT အသိုင်းအဝိုင်းကိုပါ ဒေါသထွက်စေခဲ့ပါတယ်။ The 1975 ဂီတအဖွဲ့ ခေါင်းဆောင် “မက်သီ_ဟေလီ“ ရဲ့ လုပ်ရပ်ဟာ LGBTQ တွေအပေါ် အမည်းစက်နဲ့ ခွဲခြားဆက်ဆံမှုတွေ ပိုမိုဖြစ်စေနိုင်တယ်လို့ ပြောကြပါတယ်။

ကမ္ဘာ့မွတ်စလင်ဦးရေ အများစုနေထိုင်ရာ အင်ဒိုနီးရှားမှာတော့ လိင်တူဆက်ဆံခြင်းဟာ ရှရီယာဥပဒေအရအုပ်ချုပ်တဲ့ အာချေးပြည်နယ်ကလွဲရင် တရားမဝင် ကိစ္စတော့ မဟုတ်ပေမယ့် မကြားဝံ့မနာသာမှုအဖြစ် တားမြစ်ထားပါတယ်။ The 1975 အဖွဲ့ဟာ တနင်္ဂနွေနေ့ ဂျာကာတာမြို့တော်မှာ ဖျော်ဖြေဖို့ ရှိနေပါတယ်။

 အင်ဒိုနီးရှားမှာ LGBT နဲ့ ဆက်နွယ်ပြီး အခြားသော ဖျက်သိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အမေရိကန် LGBT ဆိုင်ရာ အထူးသံတမန်တစ်ဦးရဲ့ လာရောက်မယ့်အစီအစဉ်ဟာ အစ္စလာမ်အုပ်စုများရဲ့ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရဖူးပါတယ်။ ယခုလ ပျက်ပြားရတဲ့ ဖြစ်ရပ်ကလည်း LGBT နဲ့ ပတ်သက်နေပါပြီး နှစ်ကြိမ်စလုံးဟာ ဘာသာရေး ရှေးရိုးစွဲဝါဒီတွေရဲ့ ဖိအားပေးခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

(သာမန်အားဖြင့် ကြည့်လျှင် ဂီတဝိုင်းတစ်ခု၏ ရှိုးပွဲ ဖျက်သိမ်းခြင်းမှာ ဘာမှ မထူးဆန်းပါ။ သို့သော် ယခု ပျက်ပြားရခြင်းမှာ LGBT တို့နှင့် ပတ်သက်နေပြီး ဖျက်သိမ်းရသည့် တိုင်းပြည်တို့တွင်လည်း အာဆီယံနိုင်ငံ နှစ်နိုင်ငံ ပါ၀င်နေခြင်းမှာ မှတ်သားထိုက်သည့် ထူးခြားသတင်းဟု ကျွန်တော် ထင်မြင်ပါသည်။

လက်ရှိ ဆယ်စုနှစ်တွင် ဆေးသိပ္ပံပညာ ဖွံ့ဖြိုးလာခြင်းနှင့်အတူ လူ့သဘာ၀ ခန္ဓာကိုယ်ဖြစ်တည်မှု၏ ထူးခြားချက်များကို အသေးစိတ်နီးပါး သိရှိလာသည်။ ဆေးပညာ လက်လှမ်းမီနိုင်မှု ကျယ်ပြန့်လာပြီး ယခင် မရှိခဲ့ဖူးသည့် ခွဲစိပ်ကုသမှုများနှင့်အတူ LGBT အခွင့်အရေး ပြဿနာမှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပွက်လောရိုက်လျက်ရှိပါသည်။ LGBT လက်ခံသူတို့က လက်မခံသူတို့အပေါ် “ ခေတ်မမီသူများ“ “လူ-လူချင်း ခွဲခြား ဆက်ဆံသူများ“ အဖြစ် ပြောဆိုယုံမက “လူ့အခွင့်အရေး ချိုးဖောက်မှု“ နှင့် “အမုန်းစကား“ အဖြစ် စွဲချက်တင်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒဏ်ခတ်ပိတ်ဆို့ရန် ကြိုးပမ်းသည်အထိ ဖြစ်လာသည်။ 

လောလောဆယ် ကျွန်တော်တို့ဆီတွင် တိုးတိုးကြိတ် Mကိတ်အသံထွက်နေသော်လည်း မကြာမီ တရားရုံး အဆုံးအဖြတ်အထိ ကျယ်လောင်လာဖွယ်ရှိပါသည်။ ထို့အတွက် တိကျလုံလောက်သည့် ဥပဒေ မရှိသေးဟု ယူဆပါသည်။

အမေရိကန်တွင် LGBT သည် Q= Queer ကျား-မ လိင်မထင်ရှားသူတစ်ဦးတိုးကာ LGBTQ ဖြစ်လာပြီး စရိုက်ဝါ သနာတူများစုပေါင်းလျက် “သမဂ္ဂ"များ ထူထောင်သည့်အထိ ရှိနေပါသည်။ သို့သော်လည်း လက်မခံပဲ ခါးခါးသီး ဖြစ်သူတို့ကြောင့် ၂၀၂၂-ခုနှစ် နို၀င်ဘာလ ဗာဂျီးနီးယား LGBTQ ကလပ် သေနတ်ပစ်မှုတွင် လူ ၅ ဦး အစုအပုံလိုက် သေဆုံးရမှုများလည်း ရှိနေသည်။

အမေရိကန် ပြည်နယ် ၂၃ ခုတွင် LGBTQ အပါ၀င် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို ဥပဒေဖြင့် တားမြစ်ထားသည်။ အမေရိကန်တွင် LBGTQ တို့ စစ်မှုထမ်းခြင်းကို ကာလကြာမြင့်စွာ ပယ်ချထားသည်။ ၁၉၉၃-ခုနှစ် သမ္မတ ဘီလ်ကလင်တန်လက်ထက် “ ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲသည့် "Don't ask, don't tell" (DADT) “ “လျှာမရှည်_ဥပဒေအရ” လိင်စိတ်သဘောထားကို မဖော်ပြသရွေ့ LGBT တို့ စစ်မှုထမ်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။  

LGBTQ စုံတွဲမှ ဇီ၀နည်းပညာဖြင့် ရရှိသော သားသမီးမှာ တရား၀င်သည်ဟု ဥပဒေစီရင်ထုံးများလည်း ရှိနေသည်။ သို့သော် ၂၀၁၆-ခုနှစ် သမ္မတ ဒေါ်နယ် ထရမ့်လက်ထက် လိင်ပြောင်းလဲထားသူများ စစ်မှုထမ်းခြင်းကို ဥပဒေဖြင့်တားမြစ်ခဲ့ပြီး ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ခုနှစ်တွင် ရုတ်သိမ်းလိုက်ပြန်သည်။

အမေရိကန် ၇၆% မှာ လိင်တူလက်ထပ်ခြင်းကို ထောက်ခံသည်။ LGBT အခွင့်အရေးများသည် နိုင်ငံတစ်နိုင်ငံချင်းအလိုက် ဥရောပတွင် ကျယ်ပြန့်စွာ ကွဲပြားပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုထားသော နိုင်ငံပေါင်း ၃၅ နိုင်ငံအနက် ၂၀-သည် ဥရောပ၌ တည်ရှိသည်။ နောက်ထပ် ၁၁-နိုင်ငံသည် လိင်တူစုံတွဲများအတွက် LGBT အပြုအမူများကို တရားဝင်ခွင့်ပြုထားသည်။

လိင်တူလက်ထပ်ခွင့်ပြုသည့် ဥရောပနိုင်ငံများသည် လိင်တူစုံတွဲများက မွေးစားသည့် သားသမီးများကိုလည်း ဥပဒေနှင့် ညီညွတ်သည်ဟု လက်ခံသည်။ သို့သော် ဥရောပ ၁၅-နိုင်ငံတို့၏ အခြေခံ ဥပဒေများတွင် ထိမ်းမြားလက်ထပ်ခြင်းဆိုသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးကြား၌ ပေါင်းစည်းမှုအဖြစ် သတ်မှတ်ထားသည်။  

အလားတူ အဓိပ္ပါယ်ဖွင့်ဆိုသော တိုင်းပြည်မှာ အိန္ဒိယဖြစ်သည်။ အရှေ့အလယ်ပိုင်းအပါအ၀င် အစ္စလာမ်ဘာသာ၀င်အများစုတိုင်းပြည်များ၌ LGBT အခွင့်အရေးနှင့် လိင်တူလက်ထပ်ခြင်းကို အသိအမှတ် မယုံမက လိင်တူဆက်ဆံခြင်းကို မယဉ်ကျေးသည့် မဖွယ်မရာလုပ်ရပ်အဖြစ် အပြစ်ပေးခံရနိုင်သည်။  ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters.,23 Jyly 2023,” UK band The 1975 cancels Indonesia, Taiwan shows after Malaysia LGBT controversy “ ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မာရဝိဇယဘုရားကြီးရှေ့တွင် တည်ထားသည့် အောင်မြေ၌ နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများ၏ ‌အောင်မြေဌာန(၃၅)ခုကို ထည့်သွင်းပူဇော်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved