နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ တွန်ဟွန်စျေးမှာ ခွေးသား၊ ကြောင်သား ရောင်းဝယ်မှု တားမြစ်ထား
ရောင်နီ (NSS) - ဇူလိုင် ၂၄
တိရိစ္ဆာန်တွေကို လူမြင်ကွင်းမှာပဲ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း၊ ထုရိုက်သတ်ခြင်းစတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ တွန်ဟွန်စျေးမှာ ခွေးသားနဲ့ကြောင်သား ရောင်းဝယ်ခြင်းကို တာဝန်ရှိသူတွေက သောကြာနေ့ (ဇူလိုင်လ ၂၁ ရက်)မှာ တားမြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝှမ်းရှိ တိရိစ္ဆာန်ချစ်သူတွေအတွက် အောင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
မြောက်ဆူလာဝေစီပြည်နယ်ရှိ တွန်ဟွန်စျေးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ တားမြစ်ပိတ်ပင်မှုဟာ နိုင်ငံအတွင်း နေထိုင်တဲ့ မွတ်စလင်အများစု ခွေးသားမစားတဲ့တိုင် တစ်နှစ်ကို ခွေးနဲ့ကြောင် တစ်သန်းခန့် အသတ်ခံနေရတဲ့ အင်ဒိုနီးရှားအတွက် ပထမဆုံး တားမြစ်ပိတ်ပင်မှုပဲ ဖြစ်ပါတယ်။ ခွေးနဲ့ကြောင်သားစားခြင်းဟာ မြောက်ဆူလာဝီမှာ အကြီးဆုံး လူမျိုးစုဖြစ်တဲ့ မီနာဟာဆာ လူမျိုး၊ ဘိုးဘေးတွေရဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး တွန်ဟွန်တာဝန်ရှိသူတွေက ဒေသခံတွေ ခွေးအသားစားခြင်းရဲ့ ကျန်းမာရေး အန္တရာယ်တွေကို အသိပညာပေးနိုဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
"တွန်ဟွန်ဟာ ခွေးနဲ့ ကြောင်တွေ ရောင်းဝယ်ဖောက်ကားမှုကနေ လုံးဝကင်းစင်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ တွန်ဟွန်မှာ ခွေးတွေနဲ့ ကြောင်တွေကို စိတ်ဝင်စားမှု လျှော့ချဖို့ ဈေးကွက်ထဲက သူတို့ရဲ့ရောင်းအားကို ရပ်တန့်လိုက်ပြီ ဖြစ်လို့ပါ" လို့ တွန်အိုဟုန်မြို့ အတွင်းရေးမှူး မစ္စတာအက်ဝင်ရောရင်းက ပြောပါတယ်။
တားမြစ်ချက်ကို ချိုးဖောက်သူ ဘယ်သူမဆို ဥပဒေအရ အရေးယူဒဏ်ခတ်မှုခံရမှာဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ခွေးနဲ့ကြောင်သား ကုန်သည်ဟောင်းတွေအတွက် အစားထိုး အသက်မွေးဝမ်းကြောင်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ မစ္စတာရောရင်း က ပြောကြားပါတယ်။ ၂၀၂၁ ခုနှစ် စစ်တမ်းတစ်ခုအရ အင်ဒိုနီးရှားနိုင်ငံသား ၉၃ ရာခိုင်နှုန်းက ခွေးသားစားခွင့် ပိတ်ပင်ချက်ကို ထောက်ခံခဲ့ပြီး လူဦးရေရဲ့ ၄.၅ ရာခိုင်နှုန်းကသာ အဲဒီအသားကို စားဖူးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တစ်ပတ်ကို ခွေးနဲ့ ကြောင် အကောင်ရေ ၂၀၀၀၀ ကျော်ခန့်ကတော့ သတ်ဖြတ်ခံရလျက် ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
The 1975 တေးဂီတအဖွဲ့ မလေးရှား၌ LGBT ပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် အင်ဒိုနီးရှား၊ ထိုင်ဝမ်ရှိုးပွဲများကို ဖျက်သိမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ