Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့မှစ၍ ယာယီရပ်ဆိုင်း

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့်အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်အကိုင်အေဂျင်စီများနှင့်ညှိနှိုင်းကာ ယခင်ကတည်းက ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ဇန်နဝါရီလ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာဌာနများက အကြောင်းကြားထားသည်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ဆို ထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း MOEAF က အသိပေးအကြောင်းကြားထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေ ညာထားသည်။ ၎င်းကဲ့သို့ရပ်ဆိုင်းထားခဲ့သော်လည်း ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများက ညှိနှိုင်းဆောင်ရွက် ပုံမှန်ဆောင်ရွက်ပေးမှုများရှိခဲ့သည်။

လက်ရှိအချိန်တွင် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရှိရပြီး နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း နိုင်ငံကူးလက်မှတ်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လာမည့်(၃)ပတ်ခန့်အကြာတွင် ပြန်လည်စတင်နိုင်မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်စ တင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။


zawgyi version

အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ယေန႔မွစ၍ ယာယီရပ္ဆိုင္း

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ယေန႔ (ဇန္နဝါရီလ ၁၇ ရက္)မွစ၍ ယာယီရပ္ဆိုင္းလိုက္ေၾကာင္း သတင္းရရွိသည္။ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန၏ခြင့္ျပဳၿပီး အလုပ္ေခၚစာျဖင့္ ေစလႊတ္မည့္အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို အလုပ္သမားဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ အလုပ္အကိုင္ေအဂ်င္စီမ်ားႏွင့္ညႇိႏႈိင္းကာ ယခင္ကတည္းက ပုံမွန္ေဆာင္႐ြက္လ်က္ရွိသည္။

လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္အား ဇန္နဝါရီလ ၁၇ ရက္မွစတင္ကာ ယာယီရပ္ဆိုင္းေၾကာင္း သက္ဆိုင္ရာဌာနမ်ားက အေၾကာင္းၾကားထားသည္ဟု ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF)က ဆို ထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္း၊ ေလွ်ာက္ထားရန္ အမည္စာရင္းေပးပို႔ျခင္းမ်ားကို ယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္းလည္း MOEAF က အသိေပးအ ေၾကာင္းၾကားထားသည္။ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္မွစတင္ကာ ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕က ေၾက ညာထားသည္။

၎ကဲ့သို႔ရပ္ဆိုင္းထားခဲ့ေသာ္လည္း ခြင့္ျပဳၿပီး အလုပ္ေခၚစာျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ညႇိႏႈိင္းေဆာင္႐ြက္ ပုံမွန္ေဆာင္႐ြက္ေပးမႈမ်ားရွိခဲ့သည္။ လက္ရွိအခ်ိန္တြင္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္းကို ယာယီရပ္ဆိုင္းလိုက္ေၾကာင္း သိရွိရၿပီး နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕အေနျဖင့္လည္း ႏိုင္ငံကူးလက္မွတ္ကိစၥႏွင့္ပတ္သက္၍ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ၿပီးခဲ့ေသာ ဒီဇင္ဘာလ ၆ ရက္တြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို လာမည့္(၃)ပတ္ခန႔္အၾကာတြင္ ျပန္လည္စတင္ႏိုင္မည္ဟု ေျပာဆိုခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္လည္စ တင္ႏိုင္ျခင္း မရွိေသးသည္ကို ေတြ႕ရွိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် (၁)ရက်လျှင် လူ(၇)ဦးနှုန်း သေဆုံးကာ (၂၁)ဦးနှုန်း ဒဏ်ရာရရှိခဲ့

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved