ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ရှေ့သို့ချီပါတီ ဆက်လက်ပါဝင်နေမည်ဆိုပါက ပူးပေါင်းမည်မဟုတ်ကြောင်း နိုင်ငံရေးပါတီလေးခု ပြော
Pika (NSS) - ဇူလိုင် ၂၂
ညွန့်ပေါင်းအစိုးရဖွဲ့တွင် ရှေ့သို့ချီပါတီ ရှိနေသရွေ့ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဝင်ရောက် မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီလေးခုက ထုတ်ပြန်ကြေညာခဲ့သည်။
Bhumjaithai ပါတီ၊ United Thai Nation ပါတီ၊ the Palang Pracharath Party (PPRP)ပါတီ နှင့် Chartthaipattana ပါတီတို့သည် ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul က ၎င်း၏ ပါတီသည် lese majeste law ပုဒ်မ(၁၂၂)ကို ပြင်ဆင်ရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကြောင်းနှင့် အဆိုပါဥပဒေကို ပြုပြင်ပြောင်းလဲရန် ထောက်ခံသည့် နိုင်ငံရေးပါတီနှင့် အဆင်မပြေကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရဖွဲ့တွင် ရှေ့သို့ချီပါတီ ပါဝင်နေသရွေ့ ပူးပေါင်းမှုများ လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Anutin Charnvirakul က "ရှေ့သို့ချီပါတီဟာ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့တစ်ခုတည်းသော ပါတီဖြစ်ပြီး ကျောထောက်နောက်ခံလည်း မရှိပါဘူး။ ရှေ့သို့ချီပါတီကို ထောက်ခံသူတွေနဲ့ တိုးတက်ရေးလှုပ်ရှားသူတွေဟာ ဒီမူဝါဒကို ကန့်ကွက်ကြပေမယ့်လည်း ရှေ့သို့ချီပါတီက သဘောထားကွဲလွဲမှုတွေဖြစ်အောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ရှေ့သို့ချီပါတီ ဆက်လက်ပါဝင်နေမည်ဆိုပါက United Thai Nation ပါတီသည် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း နှင့် ဝန်ကြီးချုပ်လောင်းတစ်ဦးကို ထောက်ခံမဲပေးသွားမည် မဟုတ်ကြောင်း United Thai Nation ပါတီခေါင်းဆောင် Pirapan Salirathavibhaga က ပြောကြားခဲ့သည်။
PPRP ပါတီသည် lese majeste law ကို ပြင်ဆင်ရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး ရှေ့သို့ချီပါတီ ပါဝင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း PPRP ပါတီ၏Kamphaeng Phet ပြည်နယ် အမတ်Phai Likက ပြောကြားခဲ့သည်။Chartthaipattana ပါတီခေါင်းဆောင် Varawut Silpa-aracha ကလည်း ဖြူထိုင်းပါတီအနေဖြင့် lese majeste law ကို ပြင်ဆင်ရန် ထောက်ခံသည့် ရှေ့သို့ချီပါတီ နှင့် လက်တွဲ လုပ်ကိုင်နေခြင်းမျိုးမရှိမှသာ ဖြူထိုင်းပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံမဲပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဖက်ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ