Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဖက်ဆို

Pika (NSS) - ဇူလိုင် ၂၂

မြောက်ကိုရီးယားသည် ဇူလိုင်လ(၂၂)ရက် နံနက်ပိုင်းတွင် ခရုဇ်ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။ နှစ်ပေါင်း(၄ဝ)အတွင်း တောင်ကိုရီးယားဆိပ်ကမ်းသို့ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားဖက်က အင်အားပြသသည့်အနေဖြင့် သီတင်းပတ်တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ထပ်မံ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားဖက်က ပစ်လွှတ်လိုက်သော ခရုဇ်ဒုံးကျည်များကို ဇူလိုင်လ(၂၂)ရက် နံနက်(၄)နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။ တောင်ကိုရီးယားတွင် အမေရိကန်၏ လေယာဉ် တင်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များ နှင့်  ရေငုပ်သင်္ဘောများ ဖြန့်ကျက်ချထားမည်ဆိုပါက နျူကလီးယား လက်နက်များဖြင့် လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားဖက်က ဇူလိုင်လ(၂၁) ရက်တွင် သတိပေးပြောခဲ့သည်။

အကြိမ်ကြိမ်သတိပေးမှုများရှိနေသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ဇူလိုင်လ(၁၈)ရက်တွင် မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက်များအသုံးပြုရန်အတွက် နျူကလီးယားအတိုင်ပင်ခံအဖွဲ့အစည်း အဝေးကို ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားဖက်က စွပ်စွဲပြောခဲ့သည်။


တောင်ကိုရီးယားသို့ အမေရိကန်၏ ရေငုပ်သင်္ဘောရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားသည် ဇူလိုင်လ(၁၉) ရက်တွင် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ်ထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ဇူလိုင်လ(၂၂)ရက်တွင် ခရုဇ် ဒုံးကျည်များ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးသဘောတူညီမှုများအတွက် ကြိုတင်သတ်မှတ်ချက်များမပါဘဲ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။

ထို့အပြင် တောင်ကိုရီးယားသို့ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသော ရေငုပ်သင်္ဘော စေလွှတ်ခြင်းသည် မဟာမိတ်နိုင်ငံကို ကာကွယ်ရန်အတွက်သာမဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံတွင်းရှိ အမေရိကန်စစ်သား(၃၈ဝဝဝ) နှင့် ၎င်းတို့၏မိသားစုများကို ကာကွယ်ရန်အတွက်လည်းဖြစ်ကြောင်း ဂျွန်ကာဘိုင် က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုက်စစ်မှူးအသစ်တစ်ဦးကိုခေါ်ယူနိုင်ရန် တတ်နိုင်သမျှအရာအားလုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူနည်းပြ ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved