ရန်ကုန်မြို့ရှိ မြို့နယ်(၅)ခုတွင် မနက်ဖြန်၌ ယာယီ ဓာတ်အားပြတ်တောက်မည်ဟု YESC ဆို
NSS - ဇူလိုင် ၂၁
ရန်ကုန်မြို့အတွင်းရှိ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်၊ အဖျောက်မြို့နယ် နှင့် မြောင်းတကာမြို့တို့၌ မနက်ဖြန်(ဇူလိုင်လ ၂၂ရက်)တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့( ဇူလိုင်လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ (230)kV မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ (230/33/11)kV, 60MVA Main Transformer Bank(1) ၏ 33kV Side Neutral Bushing Clamp, 33kV Main Bay နှင့် 33kV (6) Feeders ၏ Terminal Clamp များနှင့် AAC Conductor များအား အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုများကို ဇူလိုင်လ (၂၂)ရက်တွင် နံနက် (၈)နာရီမှ ညနေ(၆)နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်၊ အဖျောက်မြို့နယ် နှင့် မြောင်းတကာမြို့နယ်ရှိ အချို့ရပ်ကွက်၊ ကျေးရွာတို့တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်မှု ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YESCမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Weekly Highly 15 to 19 July
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း