ဖြူထိုင်းပါတီက တင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံပေးသွားမှာဖြစ်ကြောင်း ရှေ့သို့ချီပါတီပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၁
ရှေ့သို့ချီပါတီအနေနဲ့ လာမယ့်သီတင်းပတ်အတွင်းကျင်းပမယ့် လွှတ်တော်နှစ်ရပ် ပူးပေါင်းအစည်းအဝေးအတွင်း ဖြူထိုင်းပါတီက အမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းကို အားပေးထောက်ခံသွားဖို့ ရှေ့သို့ချီပါတီအတွင်းရေးမှူး Chaithawat Tulathon က ပြောပါတယ်။
ရှေ့သို့ချီပါတီဟာ ပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။ ထိုင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းကျင်းပမယ့်အစည်းအဝေးကို လာမယ့် ဇူလိုင် ၂၇ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း ဆိုပါတယ်။
ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ ပါတီရဲ့ထိပ်တန်းခေါင်းဆောင်သုံးဦးထဲကနေ ဘယ်သူကို ဝန်ကြီးချုပ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းရမလဲဆိုတဲ့အချက်ကို အပြီးသတ်ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း၊ ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်သလို အိမ်ခြံမြေသူဋ္ဌေးကြီးအဖြစ် လူသိများတဲ့ Srettha Thavisin က ပြောပါတယ်။
၎င်းဟာ ဖြူထိုင်းပါတီကရွေးချယ်မယ့် ဝန်ကြီးချုပ်လောင်းဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း ထိုင်းသတင်း တွေက ဖော်ပြထားပါတယ်။ ရှေ့သို့ချီပါတီအတွင်းရေးမှူးက ၎င်းတို့အနေနဲ့ ရွေးကောက်ပွဲအပြီးမှာ အခြားပါတီ ၇ ခုနဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအတိုင်း ရပ်တည်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ရှေ့သို့ချီပါတီအနေနဲ့ ထိုင်းဘုရင်မိသားစုအပေါ် ဝေဖန်တိုက်ခိုက်နေသူကို ပြစ်ဒဏ်ပေးတဲ့ပုဒ်မကို ပြင်ဆင် ပြောင်းလဲမယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်မှာ ကတိပြုခဲ့ကြောင်း၊ အဆိုပါကတိအတိုင်း အကောင်အထည် ဖော်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှေ့သို့ချီပါတီအတွင်းရေးမှူး က ပြောပါတယ်။
ရှေ့သို့ချီပါတီဟာ ထိုင်းဘုရင်မိသားစုအပေါ် ဝေဖန်တိုက်ခိုက်နေသူကို ပြစ်ဒဏ်ပေးတဲ့ပုဒ်မကို ပြင်ဆင်ပြောင်းလဲ မယ်လို့ ပြောဆိုမှုများကြောင့် ထိုင်းလွှတ်တော်အတွင်းကန့်ကွက်ဆန့်ကျင့်မှုများနဲ့ ရင်ဆိုင်ခဲ့ရပြီး ပါတီခေါင်းဆောင် ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှု ငြင်းပယ် ပယ်ချခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၂၂)နှစ် အရွယ်အမျိုးသမီးကို တစ်လသိန်း(၂၀)ရမည်ဟုဆိုကာ ပြည့်တန်ဆာအဖြစ်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ် ချမှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ