အသက်(၂၂)နှစ် အရွယ်အမျိုးသမီးကို တစ်လသိန်း(၂၀)ရမည်ဟုဆိုကာ ပြည့်တန်ဆာအဖြစ်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ် ချမှတ်
သန့်ဇင် (NSS) - ဇူလိုင် ၂၁
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် အသက်(၂၂)နှစ် အရွယ်အမျိုးသမီးတစ်ဦးကို တစ်လလျှင် ငွေကျပ်သိန်း (၂၀)ရမည်ဟုဆိုကာ ပြည့်တန်ဆာအဖြစ်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
၎င်းအား (ဇူလိုင်လ ၁၈ ရက်)တွင် ပဲခူးခရိုင်တရားရုံးက အထက်ပါကဲ့သို့အမိန့် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)အရွယ် အမျိုးသမီးတစ်ဦးကို မိုင်းပေါက်မြို့တွင် အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ်သိန်း(၂၀)ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါအမျိုးသမီးကို ပြည့်တန်ဆာအိမ်သို့ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ပဲခူးမြို့နေ မဇူးဇူးအောင်(ခ)ကစ်ကစ်ကို ပဲခူးမြို့မရဲစခန်းက (ပ)၃၉၁/၂၀၂၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပဲခူးခရိုင်တရားရုံးသို့တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၁)နှစ်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့စစ်သားကို ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယားအစိုးရကို အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း