ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့စစ်သားကို ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယားအစိုးရကို အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၁
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်စစ်သားကို ပြန်လည်လွှတ်ပေးဖို့ အမေရိကန် အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမက်သရူး မီလာက "အမေရိကန်စစ်သာတစ်ဦးဟာ မြောက်ကိုရီးယားနယ်စပ်ကို သူ့ရဲ့ကိုယ်ပိုင်ဆန္ဒအတိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့တယ်။ အဲဒီ အမေရိကန်စစ်သားကို ဘေးကင်းစွာနဲ့ပြန်လာစေဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
အမေရိကန်စစ်သားထရာဗစ်ကင်းဟာ အမေရိကန်စစ်ဘက်ရဲ့ခွင့်ပြုချက်မရဘဲ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားနယ်စပ်ဒေသကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝင်ရောက်ခဲ့ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်ရောက်သွားခဲ့တဲ့ အမေရိကန်စစ်သားရဲ့ကျန်းမာရေးအခြေအနေနဲ့ လက်ရှိအခြေအနေတွေကို သိလိုကြောင်း မက်သရူးမီလာ က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်စစ်သားတစ်ဦးဟာ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ်ဒေသကိုဝင်ရောက်ခဲ့ပြီး မြောက်ကိုရီးယားအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း ဇူလိုင် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါစစ်သားဟာ စစ်စည်းကမ်းများကို ချိုးဖောက်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေချိန်မှာ ထွက်ပြေးသွားခဲ့ပြီး မြောက်ကိုရီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ အဆိုပါ အမေရိကန် စစ်သား ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အပါအဝင် မြို့ပေါင်း(၁၀)ခုရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအတွက်သင်တန်းသားများခေါ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ