ပြည်သူ့ကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ရန် အခြေခံကျန်းမာရေးဝန်ထမ်းများကို တိုးချဲ့ခန့်ထားမည်ဟု ကျန်းမာရေးဝန်ကြီး အသိပေး
ယွန်း (NSS) - ဇူလိုင် ၂၁
ပြည်သူ့ကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ရန် အခြေခံကျန်းမာရေးဝန်ထမ်းများကို ထပ်မံတိုးချဲ့ခန့်ထားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ(၂၀)ရက်တွင် ပြည်မြို့ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်စဥ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အဆင့်ဆေးရုံများဖြစ်သည့် ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ခုတင် ၅၀ ဆံ့ဆေးရုံများအားလုံးတွင် အခြေခံအဆောက်အအုံများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများဖြစ်သည့် ဓာတ်ခွဲ/ဓာတ်မှန်လုပ်ငန်းများအပါအဝင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အဆင့်ဆေးရုံတိုင်း၌ မြို့နယ်ဆရာဝန်များ၊ သွားနှင့် ခံတွင်းဆရာဝန်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
အလားတူ အချက်အချာကျသည့် တိုက်နယ်ဆေးရုံများတွင်လည်း ဆရာဝန်များ ဖြည့်ဆည်းပေးနေပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကို ထပ်မံတိုးချဲ့ခန့်ထားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကုသမှုအရည်အသွေးကောင်းမွန်စေရေးအတွက် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေများစွာ စိုက်ထုတ်သုံးစွဲနေပြီး ထိရောက်စွာအသုံးပြုရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြား သည်။
ထို့ပြင်လိုအပ်ချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါပိုးကူးစက်ပြန့်ပွားမှုကာကွယ်ရေး နှင့် ဆေးရုံများ၏ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဟုနစကထုတ်ပြန်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ