Playboy မင်းသမီးလို့ နောက်ပြောင်ခံရတဲ့ ပြင်သစ်ဝန်ကြီး ရာထူးက ထုတ်ပယ်ခံရ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၁
Playboy မင်းသမီးလို့ နောက်ပြောင်ခံရတဲ့ ပြင်သစ် လူမူရေးနဲ့ စီးပွားရေးဝန်ကြီးဟာ အကြမ်းဖက်မှုများကို တုံ့ပြန်ဖို့ ဖန်တီးထားတဲ့ အများပြည်သူရန်ပုံငွေကို မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ရာထူးက ထုတ်ပယ်ခံလိုက်ရကြောင်း သိရပါတယ်။
ဝန်ကြီး Marlene Schiappa ဟာ ဇူလိုင် ၂ဝ ရက်မှာ ပြင်သစ်သမ္မတမက်ခရွန် နဲ့ ဖုန်းဆက်ပြောဆိုချိန်အတွင်း ရာထူးက ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်အစောပိုင်းက Playboy မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ ဖော်ပြခဲ့ရတဲ့ ဝန်ကြီး Marlene Schiappa ဟာ ပြင်သစ် လူမူရေးနဲ့ စီးပွားရေးဝန်ကြီးအဖြစ် ၆ နှစ်ကြာ တာဝန်ယူခဲ့ ပြီးနောက် ရာထူးက ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
၎င်းက "ကျွန်မဟာ သမ္မတနဲ့ သုံးမိနစ်ကြာ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ကျွန်မရဲ့ ဆောင်ရွက်ချက်တွေကို ကျေးဇူးတင်တယ်လို့ သမ္မတက ပြောခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါဝန်ကြီးဟာ ပြီးခဲ့တဲ့ ဧပြီလမှာ Playboy မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ ဖော်ပြခံလိုက်ရပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး သူရဲ့ပါတီအပြင် အတိုက်ခံပါတီတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ပြင်သစ်ဝန်ကြီးချုပ်က Marlene Schiappa ဟာ ဝန်ကြီးတစ်ဦးဖြစ်ပေမယ့် လိင်ပိုင်းဆိုင်ရာအဖော်အချွတ်ပုံစံမျိုးတွေကို ဖော်ပြနေတဲ့ Playboy မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ဆောင်တာက လုံးဝမဖြစ်သင့်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ပြင်သစ်အခြေစိုက်မီဒီယာတွေက ဝန်ကြီး Marlene Schiappa ဟာ သူရဲ့ပုဂ္ဂိုလ်ရေးကိစ္စများအတွက် ရန်ပုံငွေ ယူရို ၂ သန်းကျော်ကို အလွှွဲသုံးစားလုပ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ အတိုက်ခံအုပ်စုတွေကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး Marlene Schiappa ကို ရာထူးက နှုတ်ထွက်ဖို့ နဲ့ ပြင်သစ်ရှေ့နေချုပ်ရုံးမှာ တရားစွဲဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဇာတ်လမ်းအကျဥ်း နှင့် အခန်းစဥ်များကို သြဂုတ်လ(၁)ရက်မှစ၍ ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ