RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ Josko Gvardiol အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့သည့် မန်စီးတီး
Pika (NSS) - ဇူလိုင် ၂ဝ
မန်စီးတီးအသင်းနှင့် RB လိုက်ပ်ဇစ်အသင်းတို့သည် RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ Josko Gvardiol အပြောင်း အရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိထားပြီးပြီဖြစ်ပြီး အပြီးသတ်ခေါ်ယူရန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်၊၊
ဘောလုံးသတင်းထောက် ဖာဘရီဇီရိုရိုမာနိုသည် Josko Gvardiol အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ပြောင်းရွှေ့ကြေးဘယ်လောက်ဆိုသည့်အချက်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ မန်စီးတီးအသင်းနှင့် RB လိုက်ပ်ဇစ်အသင်းတို့သည် အသက်(၂၁)နှစ် အရွယ် Josko Gvardiol အပြောင်းအရွှေ့အတွက် သီတင်းပတ်များစွာကြာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် လက်ရှိနွေရာသီကာလတွင် Josko Gvardiol ကို ဦးစားပေးခေါ်ယူရန် လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့်လတည်းက ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက်များရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖာဘရီဇီရိုရိုမာနို၏ အဆိုအရ Josko Gvardiolသည် ၎င်း၏ဆေးစစ်မှု ပထမပိုင်းကို ဇွန်လ(၁၉)ရက်တွင် လုပ်ဆောင်ခဲ့ပြီး နှစ်သင်းကြားအပြောင်းအရွှေ့မှာ ပြီးဆုံးရန် နီးစပ်နေပြီဖြစ်သည်။ သို့သော်လည်း ကျန်ရှိနေသည့် အရာများမှာ Josko Gvardiol၏ အပြီးသတ်ဆေးစစ်မှုများ လုပ်ဆောင်ရန် နှင့် အပြောင်းအရွှေ့သဘောတူညီချက် အတွက် စာချုပ်ချုပ်ဆိုရန်သာရှိတော့ကြောင်း သိရသည်။
Josko Gvardiol ၏ အပြောင်းအရွှေ့အတွက် RB လိုက်ပ်ဇစ်အသင်းက တောင်းဆိုခဲ့သည့်ဈေးမှာ ယူရိုသန်း (၁ဝဝ) ဖြစ်သော်လည်း အပြီးသတ်ပြောင်းရွှေ့ကြေးကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။ မန်စီးတီးနည်းပြဂွါဒီယိုလာ နှင့် အသင်းကစားသမားများသည် ၎င်းတို့၏ ရာသီကြိုခြေစမ်းပွဲများအတွက် ဇူလိုင်လ(၁၉)ရက်က ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး Josko Gvardiol ကို လာမည့်ရက်ပိုင်းအတွင်း မန်စီးတီးအသင်းနှင့်အတူ တွေ့မြင်ရနိုင်ဖွယ်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အသက်(၁ဝဝ)အရွယ်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ တွေ့ဆုံဆွေးနွေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း