တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အသက်(၁ဝဝ)အရွယ်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ တွေ့ဆုံဆွေးနွေး
Pika (NSS) - ဇူလိုင် ၂ဝ
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဇူလိုင်လ(၂ဝ)ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာနှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် CCTV က "ဇူလိုင်လ(၂ဝ)ရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာနဲ့ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပါတယ်" ဟု ဖော်ပြထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်ဂျာသည် တရုတ် နှင့် ဆက်ဆံရေးထူထောင်ရန်အတွက် (၁၉၇၁)ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံသို့ လျှို့ဝှက်ခရီးစဉ်အဖြစ် သွားရောက် ခဲ့ဖူးကြောင်း သိရသည်။ ဟင်နရီကစ်ဆင်ဂျာ၏ အဆိုပါခရီးစဉ်သည် စစ်အေးခေတ်တိုက်ပွဲ နှင့် ဗီယက်နမ်တွင် ဖြစ်ပွားနေသော အမေရိကန်၏ စစ်ပွဲအဆုံးသတ်ရေးအတွက် အကူအညီတောင်းခံခဲ့သော အမေရိကန်သမ္မတ ဟောင်း Richard Nixon ၏ ခရီးစဉ်အတွက် ခြေလှမ်းအစတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအပေါ် အမေရိကန်၏ ယခင်က ကမ်းလှမ်းချက်များသည် တရုတ်နိုင်ငံ၏ ထုတ်လှုပ်မှုစွမ်းအားများ နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်လာစေရန်အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။
CCTV က "အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာဟာ (၁၉၇၁)ခုနှစ်တည်းကစတင်ပြီး တရုတ်နိုင်ငံ ကို အကြိမ်ပေါင်း(၁ဝဝ)ကျော် လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ကစ်ဆင်ဂျာဟာ ဒီနှစ်မေလ(၂၇)ရက်မှာ သူ့ရဲ့ နှစ်(၁ဝဝ) ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ ကစ်ဆင်ဂျာရဲ့ဒီခရီးစဉ်ဟာ အသက်(၁ဝဝ)ပြည့်ပြီးနောက်ပိုင်း ပထမဆုံးလာရောက်တဲ့ ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။
ထို့အပြင် ဟင်နရီကစ်ဆင်ဂျာသည် မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်း တရုတ် သမ္မတရှီကျင့်ဖျင်က ပြောခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လက်ရှိအချိန်တွင် သွားရမယ့် လမ်းကြောင်း၏ လမ်းဆုံလမ်းခွနေရာသို့ရောက်ရှိနေပြီး နှစ်နိုင်ငံစလုံးသည် ကိုယ်ပိုင်ရွေးချယ်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် က ပြောခဲ့သည်။
တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဘဏ္ဍာရေးဝန်ကြီးဂျဲနက်ယဲလင်တို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်မကြာမီ ဟင်နရီကစ်ဆင်ဂျာက ထပ်မံလာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂ဝ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ