မြန်မာ့ပညာရေး ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေဟုဆို
ယွန်း (NSS) - ဇူလိုင် ၂ဝ
မြန်မာ့ပညာရေး ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်း အာဆီယံ- တရုတ်စင်တာညွှန်ကြားရေးမှူးချုပ်က ပြောသည်။
အာဆီယံ- တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjun က ယနေ့(ဇူလိုင်လ ၂၀ ရက်) နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် လာရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံ- တရုတ်စင်တာအနေဖြင့် ကုန်သွယ်မှု အပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍတို့၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံပညာရေး ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း H.E. Mr. SHI Zhongjun က အသိပေးပြောကြားခဲ့သည်။
အလားတူ တရုတ်- အာဆီယံချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးရေးအတွက် မောင်းနှင်အားဖြစ်ပြီး မျက်မှောက်ခေတ်ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အတူကျော်ဖြတ်သွားရန် ၎င်းကဆက် လက် ပြောကြားခဲ့သည်။
ယခုနှစ်(၂၀၂၃ ခုနှစ်) ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာပေါင်း (၂၅)စောင်လက်မှတ်ရေးထိုးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်(၂၀၁၃) ခုနှစ်မှ (၂၀၂၃) ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနှင့် ဆရာစုစုပေါင်း (၅၇၀၃) ဦးသည် တရုတ်နိုင်ငံရှိတက္ကသိုလ်များတွင် ပညာသင်ယူခွင့်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ (၂၀၁၃)ခုနှစ်မှ စတင်ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်လည်း တရုတ်ကျောင်းသား(၈၀၂)ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ (၅၈၉)ဦး မြန်မာဘာသာစကား လေ့လာသင်ယူလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံတက္ကသိုလ်များ၌ တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ကျောင်းသားဖလှယ်ရေး အပါအဝင် ဆရာဖလှယ်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KIA/PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း