အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KIA/PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KIA / PDF ပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၇ ရက်)၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်တွင် အင်းတော်မြို့နယ်၊ အင်းတော်-ဗန်းမောက်ကားလမ်းပေါ်ရှိ တံတားအမှတ်(၇/၃)၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် အလျား ပေ(၃၀)၊ အနံ (၂၄)ပေရှိသော သံကူကွန်ကရစ်တံတားဖြစ်ပြီး KIA/PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတား၏မြောက်ဘက် ကမ်းကပ်ခုံပြိုကျပျက်စီးခဲ့ကာ တံတားကြမ်းခင်းပြတ်တောက်သွားခဲ့သဖြင့် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါတံတားအား (ဇူလိုင်လ ၁၅ ရက်)ကလည်း KIA/PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ ပျက်စီးခြင်းမရှိခဲ့ဘဲ ဒုတိယအကြိမ်ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အထက်ပါဖြစ်စဉ်တွင် တံတားအားမိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ Josko Gvardiol အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့သည့် မန်စီးတီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း