တရုတ်နိုင်ငံခြားရေးဝန်ကြီး လူမြင်ကွင်းမှ သီတင်းပတ်သုံးပတ်ကျော်ကြာ ပျောက်ကွယ်လျက်ရှိနေဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ လူမြင်ကွင်းမှ သီတင်းပတ်သုံးပတ်ကျော်ကြာ ပျောက်ကွယ်လျက် ရှိနေရာပျောက်ကွယ်မှုနဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်လျက်ရှိနေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဇွန်လ ၂၅ ရက်က လူမြင်ကွင်းတွင်နောက်ဆုံးတွေ့မြင်ခဲ့ပြီး အဲဒီအချိန်က ဗီယက်နမ်၊ သီရိလင်္ကာ၊ ရုရှားနိုင်ငံတို့က အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အဲဒီနောက်ပိုင်းကတည်းက လူမြင်ကွင်းမှာ တွေ့မြင်ရခြင်းမရှိတော့ဘဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိဘဲ လူစားစေလွှတ်တက်ရောက်စေခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ပျောက်ကွယ်မှုနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ထင်မြင်ချက်တွေထဲမှာ အိမ်ထောင်ရေး အရှုပ်အထွေးကိစ္စတွေလည်း ပါဝင်နေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျာနယ်လစ်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ရေးအရှုပ်ထွေးတွေရှိခဲ့ပြီး ဂျာနယ်လစ် Fu Xiaotian ဟာ နိုင်ငံခြားရေးဝန်ကြီး နဲ့ ရရှိတဲ့ကလေးကို ပြီးခဲ့တဲ့နှစ်မှာ မွေးဖွားခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီး Qin Gang ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အာဆီယံ အစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိခဲ့တာဖြစ်တယ်လို့ပြောပေမယ့် ရက်အနည်းငယ်အနားယူပြီးနောက် တာဝန်တွေ ပြန်လည်ထမ်းဆောင်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဝန်ကြီး Qin Gang ဟာ လုပ်ငန်းတွေ ပြန်လည်ထမ်းဆောင်ခြင်းမျိုး မတွေ့ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်သမ္မတရှီကျင့်ဖျင် ယုံကြည်ရတဲ့ လူယုံတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးကာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံခြား ရေးဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
ဝန်ကြီး Qin Gang ဟာ ၂ဝ၁၃ ခုနှစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဝမ်ယိ နေရာကို အစားထိုး တာဝန်ယူခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအလုံး(၂၀)ခန့် ပျက်စီးခဲ့ပြီး (၄)တန်းကျောင်းသူတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ