Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုရမ်းကျမ်းစာကို မီးရှို့ဖျက်ဆီးခြင်းကို မကျေနပ်တဲ့အတွက် အီရတ်နိုင်ငံရှိ ဆွီဒင်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ အီရတ်ပြည်သူတွေ ကြိုးပမ်းနေ

ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ

အီရတ်နိုင်ငံရှိ လူအုပ်ကြီးဟာ မြို့တော် ဘဂ္ဂဒက်ရှိ ဆွီဒင်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ဆွီဒင်နိုင်ငံ ကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးမှုတွေဖြစ်လာခဲ့ခြင်းကိုမကျေနပ်တဲ့ အီရတ်ပြည်သူများက အီရတ်နိုင်ငံ အတွင်းရှိ ဆွီဒင်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

ဆွီဒင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စတော့ဟုမ်းမြို့ရှိအီရတ် သံရုံးအပြင်ဘက်မှာ ဆွီဒင်နိုင်ငံသားတွေရဲ့ အီရတ်အလံနဲ့ ကိုရမ်ကျမ်းစာ မီးရှို့ဖျက်ဆီးမှုကို ခွင့်ပြုခဲ့ပြီးနောက် အီရတ်ပြည်သူတွေက လက်တုံ့ပြန်ဖို့ ကြိုးပမ်း လာခဲ့တာဖြစ်ပါတယ်။ 

ဆွီဒင်နိုင်ငံရှိ အီရတ်သံရုံးရှေ့မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး အီရတ်ပြည်သူတွေ စိတ်ဆိုးဒေါသ ဖြစ်ပွားခဲ့ပြီး အီရတ်ဘာသာရေးဆရာ Moqtada Sadr ကို ထောက်ခံသူတွေဟာ ဇူလိုင် ၂ဝ ရက်နေ့မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ 


အီရတ်ဆန္ဒပြသူတွေဟာ လေထဲမှာ ကိုရမ်ကျမ်းစာကို ကိုင်မြှောက်ထားသလို ဘာသာရေးခေါင်းဆောင် Moqtada Sadr ရဲ့ရုပ်ပုံတွေကို ကိုင်ဆွဲဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ အဆိုပါအီရတ်ဘာသာရေးခေါင်းဆောင်ဟာ အီရတ်နိုင်ငံအတွင်းမှာ ထင်ရှားနာမည်ကြီးတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ 

ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက "ကျွန်တော်တို့ အားလုံးချစ်ခင်ယုံကြည်တဲ့ ကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးတာကို ပြစ်တင်ရှုတ်ချဖို့ ဆန္ဒပြတာပါ။ ကျွန်တော်တို့အနေနဲ့ ဆွီဒင်အစိုးရနဲ့ အီရတ်အစိုးရတို့ကို ဒီလိုမျိုး ကိုရမ်ကျမ်းစာ တွေကို မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ တိုက်တွန်းပါတယ်" လို့ ပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်တဲ့လူငယ်တစ်ဦးကလည်း " ကျွန်တော်တို့ဟာ ဆွီဒင်သံရုံးကို မီးရှို့ဖို့ စီစဉ်ထားတယ်" လို့ ပြောပါတယ်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရတ်နိုင်ငံရှိ ဆွီဒင်သံရုံးဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ပြောပါတယ်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက "အီရတ်အာဏာပိုင်တွေဟာ ဆွီဒင်သံရုံးဝန်ထမ်း၊ နဲ့ သံအရာရှိ တွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ သံရုံးနဲ့ သံရုံးဝန်ထမ်းတွေကို တိုက်ခိုက်တာက ဗီယင်နာကွန်ဗင်းရှင်း ကို ချိုးဖောက်တာပါ" လို့ ပြောပါတယ်။

ဆွီဒင်သံရုံးကို မီးရှို့ဖို့အတွက် အီရတ်ပြည်သူတွေဟာ ကုန်ကားတွေနဲ့ သံရုံးအရှေ့ကိုရောက်ရှိလာပြီး အီရတ် လုံခြုံရေးတပ်ဖွဲ့တွေ နဲ့ အီရတ်ဆန္ဒပြအုပ်စုတွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားနေကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆန်တင်ပို့မှုမြှင့်တင်ရန် ယူနန်အစိုးရနှင့် ဆန်စပါးအဖွဲ့ချုပ်တို့ ဆွေးနွေးနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved