ဆန်တင်ပို့မှုမြှင့်တင်ရန် ယူနန်အစိုးရနှင့် ဆန်စပါးအဖွဲ့ချုပ်တို့ ဆွေးနွေးနေ
NSS - ဇူလိုင် ၂၀
ဆန်တင်ပို့မှုမြှင့်တင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့နိုင်ရန် ယူနန်အစိုးနှင့် ဆွေး နွေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
နယ်စပ်မှတဆင့် ယခုနှစ်အတွင်း မြန်မာပြည်ဘက်မှ ဆန်ကိုတရားဝင်တင်ပို့နေသော်လည်း တရုတ်ပြည်ဘက်မှ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရသည်။
နယ်စပ်မှတဆင့် တရုတ်ပြည်သို့ တရားဝင်ဆန်တင်ပို့ခွင့် သို့မဟုတ် ကိုတာ ခွဲတမ်းအလိုက်တင်ပို့ခွင့် ရရှိရန် ဆန်စပါးအသင်းချုပ်က ကြိုးပမ်းနေရကြောင်းသိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှု ကျဆင်းနေသည့်အပြင် ပြည်ပပို့ကုန်စည်းမျဉ်းသတ် မှတ်ချက်များကြောင့် ဆန်တင်ပို့မှု ရပ်တန့်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်းသိရသည်။
“အခုဇူလိုင်လအတွင်း မူဆယ် ဆန်ဈေးကွက်မှာအရောင်းအဝယ် အေးနေပြီးတော့ တရုတ်-မြန်မာ ဆန်တင်ပို့ရောင်းချမှု ရပ်တန့်နေတယ်”ဟု မူဆယ်ဆန်အရောင်းအဝယ် ကုန်သည်တစ်ဦးက ပြောသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှပွင့်လင်းရာသီတွင် တစ်လလျှင် ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အထိ ရရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်းတင်ပို့နိုင်ရန် လျာထားပြီး ပြည်တွင်းစားသုံးသူ ဈေးကွက်တွင် ဆန်ဈေးနှုန်း မြင့်မားခြင်းများ မဖြစ်စေရန် ထိန်းညှိဆောင်ရွက်ထားကြောင်း ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PTTEP က တနင်္သာရီ၊ ဧရာဝတီ နှင့် ရန်ကုန်တို့ကို ဖြတ်သန်းမည့် ဓါတ်ငွေ့ပိုက်လိုင်း နှင့် ကုန်းတွင်းပိုင်းအဆောက်အဦးများ ဆောက်လုပ်ရန် စီမံကိန်းအဆိုပြု
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း