ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ဇူလိုင် ၂ဝ မှာ မကျင်းပဘဲ ဇူလိုင် ၂၇ ရက်နေ့မှာ ထပ်မံကျင်းပမယ်
ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ဇူလိုင် ၂ဝ ရက်နေ့မှာ ကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ ထိုင်းအောက် လွှတ်တော်ဥက္ကဋ္ဌ Wan Muhamad Noor Matha က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၁၉ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ရှေ့သို့ချီပါတီခေါင်ေးဆာင် ပီတလင်ဂျာရို အမ်ရက်ကို ထပ်မံပြီးအမည်စာရင်းတင်သွင်းခြင်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြား ဆွေးနွေးခဲ့ရာ လွှတ်တော်က အတည်ပြုလက်ခံခြင်းမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ပီတကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခွင့် ပြု/ မပြု ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြား မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၁၂ မဲ၊ ကန့်ကွက်မဲ ၃၉၄ မဲရှိခဲ့ပြီး ပီတကို လွှတ်တော်စည်းကမ်း အပုဒ် ၄၁ အရ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ခွင့်မပြုတော့ ကြောင်း ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဝန်ကြီးချုပ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိကြောင်း၊ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ ၃၇၅ မဲရဖို့ လိုအပ်တယ်ဆိုတဲ့ စည်းကမ်းကလည်းရှိနေကြောင်း အောက် လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင် Chonlanan Srikaew က ရှေ့သို့ချီပါတီအနေနဲ့ အစိုးရအဖွဲ့ကိုဦးဆောင်ဖို့ အခွင့်အရေး ကို လက်လွှတ်လိုက်ကြောင်း ကြေညာပြီးချိန်အထိ အစိုးရအသစ်ဖွဲ့စည်းဖို့ ဦးဆောင်ရေးကို အလျင်စလိုလုပ်မှာ မဟုတ်ကြောင်း ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့သလို ညွှန်ပေါင်းအဖွဲ့မှာ ဦးဆောင်နေတဲ့ ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်း ပါတီတို့ဟာ ဝန်ကြီးချုပ်အသစ်ထပ်မံရွေးချယ်ရေး၊ အစိုးရအသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းမှာ ထပ်မံဆွေးနွေးရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရမ်းကျမ်းစာကို မီးရှို့ဖျက်ဆီးခြင်းကို မကျေနပ်တဲ့အတွက် အီရတ်နိုင်ငံရှိ ဆွီဒင်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ အီရတ်ပြည်သူတွေ ကြိုးပမ်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ