အင်တာမီလန်ကစားသမား အန်ဒရေအိုနာနာကိုခေါ်ယူရန် ယူရို(၅၅)သန်းဖြင့် သဘောတူညီမှုရရှိခဲ့သော မန်ယူအသင်း
Pika (NSS) - ဇူလိုင် ၁၉
မန်ယူအသင်းသည် အင်တာမီလန်အသင်းဂိုးသမားအန်ဒရေအိုနာနာကိုခေါ်ယူရန်အတွက် ယူရို(၅၅)သန်းဖြင့် သဘောတူညီမှုရရှိခဲ့ပြီး အန်ဒရေအိုနာနာသည် မန်ယူအသင်းနှင့် ငါးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ချုပ်ဆို ရန် စီစဉ်နေကြာင်း သိရသည်။
မန်ယူအသင်းသည် အန်ဒရေအိုနာနာကို ခေါ်ယူရန်အတွက် အင်တာမီလန်အသင်းနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း GOAL က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် အန်ဒရေအိုနာနာ၏ ခြေစွမ်းနှင့်ကစားနိုင်စွမ်းအပေါ်မူတည်ပြီး အပိုဆုကြေးယူရို(၄)သန်း၊ အပြောင်းအရွှေ့အတွက် ယူရို(၅၁)သန်း အပါအဝင် စုစုပေါင်း ယူရို(၅၅)သန်းဖြင့် အင်တာမီလန်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အန်ဒရေအိုနာနာသည် မန်ယူအသင်း နှင့် ငါးနှစ်သက်တမ်းရှိ သဘောတူစာချုပ်အပြင် နောက်ထပ်(၆)နှစ်သက်တမ်းတိုးခွင့်ပါဝင်မည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။
အသက်(၂၇)နှစ်အရွယ် အန်ဒရေအိုနာနာသည် ဆေးစစ်မှုများပြုလုပ်ရန် နီးစပ်နေပြီဖြစ်ပြီး နည်းပြတန်ဟက် ၏ အသင်းတွင် အမြန်ဆုံးပါဝင်ကစားနိုင်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက မျှော်လင့်နေကြောင်း သိရသည်။
မန်ယူအသင်းသည် မကြာသေးမီက ချဲလ်ဆီးကွင်းလယ်လူ မေဆွန်မောင့်ကို ပေါင်သန်း(၆ဝ)ဖြင့် ခေါ်ယူခဲ့ပြီး အန်ဒရေအိုနာနာသည် လက်ရှိနွေရာသီတွင် မန်ယူအသင်းသို့ ရောက်ရှိလာမည့် ဒုတိယမြောက် ကစားသမား ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
မန်ယူအသင်းဂိုးသမားဟောင်း ဒီဂီယာသည် အသင်းမှထွက်ခွာကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ ပြီးနောက် အန်ဒရေအိုနာနာ၏ အပြောင်းအရွှေ့ထွက်ပေါ်လာခြင်းဖြစ်သည်။ အန်ဒရေအိုနာနာသည် နည်းပြ တန်ဟက်နှင့်အတူ အေဂျက်အသင်းတွင် ငါးနှစ်ကြာ ကစားခဲ့ဖူးပြီး Eredivisie လိဂ်ဆုဖလားများစွာကို ဆွတ်ခူးနိုင် ခဲ့သည့်အပြင် (၂ဝ၁၉)ခုနှစ်တွင် ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံတင်သွင်းခြင်းမလုပ်ဖို့ ထိုင်းလွှတ်တော် မဲခွဲဆုံးဖြတ်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း