ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံတင်သွင်းခြင်းမလုပ်ဖို့ ထိုင်းလွှတ်တော် မဲခွဲဆုံးဖြတ်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
ဇူလိုင် ၁၉ ရက်နေ့က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့မှာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမှု ထပ်မံမလုပ်ဆောင်ဖို့ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။
ဇူလိုင် ၁၉ ရက်နေ့တွင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ရှေ့သို့ချီပါတီခေါင်းဆောင် ပီတ လင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းမှုများရှိလာခဲ့ပေမယ့်လည်း ချက်ချင်း ကန့်ကွက်မှုများရှိခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များကြား ၈ နာရီကျော်ကြာ အကြိတ်အနှယ်ဆွေးနွေးခဲ့ပေမယ့် သောင်မတင်ရေမကျဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌ Wan Muhamad Noor Matha က ပီတကို ဝန်ကြီးချုပ်အဖြစ် ထပ်မံအဆိုပြု ခွင့် ပေးသင့်/မသင့် ဆိုသောချက်ကို မဲခွဲဆုံးဖြတ်စေခဲ့ရာ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကန့်ကွက်မဲ ၃၉၅ မဲ၊ ထောက်ခံ မဲ ၃၁၂ မဲ၊ ကြားနေမဲ ၈ မဲရှိခဲ့ပြီး ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းထပ်မံတင်သွင်းမယ့်အဆိုဟာ ငြင်းပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ပီတဟာ ရွေးကောက်ပွဲ စည်းကမ်းများကို ချိုးဖောက်ပြီး မီဒီယာလုပ်ငန်းမှာ ရှယ်ယာပေါင်းသောင်းချီ ပိုင်ဆိုင်တယ်ဆိုတဲ့စွပ်စွဲချက်ကို ဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ရှေ့သို့ချီပါတီကို ထောက်ခံသူအုပ်စုများ ဦးဆောင်ပြီးလွှတ်တော်အဆောက်အဦး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရှေ့ အပါအဝင် နေရာအများအပြားမှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
ပီတဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့လွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရပေမယ့် ဝန်ကြီးချုပ်အဖြစ်လက်ခံဖို့ သင့်/မသင့် မဲခွဲခဲ့ရာ သတ်မှတ်ထားတဲ့ မဲအရေအတွက် မရဘဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
British shaped assassination of Myanmar's leaders dating back in 1947
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ