ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံပေးဖို့မဖြစ်နိုင်သေးဘဲ အချိန်နဲ့ငွေကြေး လိုအပ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးနိုင်ဖို့အချိန် နဲ့ ငွေကြေး လိုအပ်ချက်များ ရှိနေခြင်း ကြောင့် ပေးထားတဲ့ကတိအတိုင်း ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲဖြစ်နေကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမက်မီလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မကြာမီကာလအတွင်း ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ ပေးဖို့မဖြစ်နိုင်တဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့အမြှောက်တွေ ကူညီထောက်ပံ့ပေးဖို့ အာရုံစိုက် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ကြီးမက်မီလေး က ပြောပါတယ်။
၎င်းက "အက်ဖ် ၁၆ တိုက်လေယာဉ် ၁ဝ စင်း ကူညီပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် ကုန်ကျမှာဖြစ် တယ်။ ရုရှားစစ်တပ်မှာ စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အစီးရေ ရာချီရှိနေတယ်။ ယူကရိန်းဟာ ရုရှားတိုက်လေယာဉ်တွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ရုရှားတိုက်လေယာဉ် တစ်စီး နဲ့ ယူကရိန်းတိုက်လေယာဉ် နှစ်စီး ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဲဒီမှသာ ရုရှားတိုက်လေယာဉ်တွေကို အသာရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ တိုက်လေယာဉ်အများအပြား ရှိနေဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားတိုက်လေယာဉ်များနဲ့ ယှဉ်ပြိုင်နိုင်အောင် နှစ်နဲ့ချီပြီး လေ့ကျင့်ပေးရဖွယ်ရှိနေကြောင်း၊ ရုရှားမှာရှိနေတဲ့ လေယာဉ်မျိုးဆက်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ယူကရိန်းကို တိုက်လေယာဉ်နဲ့ပတ်သက်ပြီး အမေရိကန်ဒေါ်လာဘီလျံချီ ကူညီပေးရဖွယ်ရှိနေကြောင်း ဗိုလ်ချုပ်ကြီးမက်မီလေး က ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းတပ်ဖွဲ့တွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်သင်ကြားပေးဖို့ ဥရောပရှိ မဟာမိတ်နိုင်ငံတွေကို မကြာသေးမီက ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းအစိုးရကတော့ အနောက် အုပ်စုနိုင်ငံတွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များ အပါအဝင် တိုက်လေယာဉ်များကူညီထောက်ပံ့ပေးဖို့ တောင်းဆိုနေပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းတပ်ဖွဲ့တွေဟာ ၂ဝ၂၄ ခုနှစ် နောက်ပိုင်းမှာ အက်ဖ် ၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးလက်ခံရယူဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အတိအကျမှတ်ယူထားလို့ မရနိုင်သေးကြောင်း သတင်းတွေက ဖော်ပြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UAE က ကွန်ဂို အရှေ့ပိုင်းမှာ မိုင်းတူးဖော်ဖို့ သဘောတူချက်လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ