UAE က ကွန်ဂို အရှေ့ပိုင်းမှာ မိုင်းတူးဖော်ဖို့ သဘောတူချက်လက်မှတ်ရေးထိုး
ရောင်နီ (NSS) - ဇူလိုင် ၁၉
အာရပ်စော်ဘွားများပြည်ထောင်စု UAE ဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနဲ့ နိုင်ငံ အရှေ့ဘက်မှာ အနည်းဆုံး မိုင်းလေးခု ဖော်ထုတ်ဖို့ ဒေါ်လာ ၁.၉ ဘီလျံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ကွန်ဂိုသမ္မတက ပြောကြားခဲ့ပါတယ်။
ဒီအတွက် သဘောတူညီချက်ကို Emirati အစိုးရ ကိုယ်စားလှယ်အဖွဲ့ Societe Aurifere du Kivu et du Maniema (Sakima) နဲ့ DRC မြို့တော် ကီရှာဘာ မှာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတ ဖိလစ်တက်ရှီဆက်ကီဒီ ရုံးက တနင်္လာနေ့(ဇူလိုင် ၁၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါသဘောတူညီချက်အရ တောင်ကီဗူးနဲ့ မာနီရီမာ ပြည်နယ်မှာ မိုင်းတွင်း ၄ ခုကျော် တူးဖော်မှု ရှိလာတော့ မယ်လို့ ၎င်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Sakima ဟာ သဘောတူညီချက်အရ DRC ရဲ့ အဆိုပါ အစိတ် အပိုင်းတွေမှာ သံဖြူ၊ တန်တလမ်၊ အဖြိုက်နက်နဲ့ ရွှေတူးဖော်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို သတ္တုအမျိုးအစားတွေ ထုတ်ယူမယ်ဆိုတာ အပါအဝင် သဘောတူညီချက်နဲ့ပတ်သက်တဲ့ အခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ DRC ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက UAE ကုမ္ပဏီ Primera Group နဲ့ ၂၅ နှစ် စာချုပ်ချုပ်ဆိုပြီး၊ လက်မှုပညာအရ တူးဖော်တဲ့ သတ္တုရိုင်း အချို့ တင်ပို့ခွင့်အတွက်လည်း သဘောတူညီ ချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှုပညာအရ တူးဖော်မှုပစ္စည်းများ ဆိုတာဟာ သတ္တုတွင်းကုမ္ပဏီများမှ မဟုတ်ဘဲ အမှီအခိုကင်းတဲ့ မိုင်းလုပ်သားများမှ တူးဖော်ထုတ်ယူတဲ့သတ္တုများကို ဆိုလိုပါတယ်။
စာချုပ်အရ UAE ဟာ Primera Group ရဲ့ ဖက်စပ်လုပ်ငန်းနှစ်ခုဖြစ်တဲ့ Primera Gold နဲ့ Primera Metals မှလည်း အစုရှယ်ယာတွေ ရရှိခဲ့ပါတယ်။
DRC ဟာ အဆိုပါသဘောတူညီချက်ကို ဓာတ်သတ္တု မှောင်ခိုသမားတွေကို ဖော်ထုတ်ဖို့၊ တရားမဝင် မိုင်းလုပ်သား တွေအတွက် ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်းမှု အာမခံချက်အဖြစ် ရှုမြင်ပါတယ်။ DRC အရှေ့ပိုင်းမှာ ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့ ၁၂ဝ ခန့်ရှိပြီး ၎င်းတို့ရဲ့ ဝင်ငွေထောက်တိုင်ဟာ တရားမဝင်ရရှိတဲ့ ဓာတ်သတ္တုတွေ မှောင်ခိုရောင်းဝယ်ဖောက်ကားခြင်းမှ ရရှိခြင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
နယ်မြေငြိမ်းချမ်းရေးအတွက် ဒေသတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့နဲ့ ကုလသမဂ္ဂစစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ ဖြန့်ကျက်ထားပေမယ့် ကာလကြာရှည်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ (ဇူလိုင်လ ၁၉ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး အနီးတစ်ဝိုက်နှင့် ရန်ကုန်မြို့လယ်ရှိ မြင်ကွင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း