ပြင်ဦးလွင်မြို့ရှိ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာအရေးယူမည်ဟု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ထပ်မံအသိပေး
ယွန်း (NSS) - ဇူလိုင် ၁၉
ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယနေ့ (ဇူလိုင်လ ၁၉ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို Green City၊ Clean City၊ Smart City ဖြစ်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးမှု မရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးကို နိုင်ငံပိုင်သတင်းစာတွင် (၂)ကြိမ်တိုင်တိုင် အသိပေးကြေညာထားခဲ့ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော် နိုင်ငံတော်ပြန်တမ်းဖြင့် မြို့မြေ၊ ရွာမြေအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားသည့် ရပ်ကွက်မြေများ(သို့မဟုတ်) ရွာမြေများနှင့် တစ်ဆက်တည်းရှိသော လယ်မြေ၊ သစ်တောမြေ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပါဝင်သည် (သို့မဟုတ်) ရွာမြေအတွင်းပါဝင်သည်ဟုဆိုကာ ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုခွင့်မရှိဘဲ ကွပ်စပ်ရိုက်ခြင်းများကို ဆောင်ရွက်နေခြင်းများရှိနေကြောင်း သိရသည်။
ထို့ပြင် အုတ်တံတိုင်းကာရံခြင်းနှင့် အခိုင်အမာအဆောက်အအုံဆောက်လုပ်ခြင်းများကိုလည်း ကျူးလွန်ဆောင်ရွက်နေကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။
အလားတူ အဆိုပါမြေများကို ခွင့်ပြုချက်မရှိဘဲ မမှန်မကန်သော နည်းလမ်းဖြင့် မြေအရောင်း/အဝယ်ဆောင်ရွက်ခြင်းများရှိနေပြီး မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုမှုရှိစေရေးအတွက် ပြည်သူများကို အသိပေးကြေညာထားပြီးဖြစ်သည်။
ထိုသို့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများနှင့် ပတ်သက်၍ ကျူးလွန်နေမှုများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက မြေပြင်ကွင်းဆင်းစစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ နည်းလမ်းတကျအသုံးပြုမှုရှိစေရန် အကြိမ်ကြိမ်သတိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သောကြောင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ထပ်မံအသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံပေးဖို့မဖြစ်နိုင်သေးဘဲ အချိန်နဲ့ငွေကြေး လိုအပ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ