အမေရိကန်သမ္မတပြန်ဖြစ်လာပါက ယူကရိန်းထံပေးခဲ့ရတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂထံကနေ ပြန်တောင်းမယ်လို့ ဒေါ်နယ်ထရမ့် ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရ ပါက ယူကရိန်းနိုင်ငံကို ပေးပို့ခဲ့တဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းများကို အစားပြန်ထိုးနိုင်ဖို့အတွက် ဥရောပသမဂ္ဂထံကနေ ငွေကြေးပြန်လည်တောင်းခံသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က "ယူကရိန်းကို ပေးပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ ပြန်လည်အစားထိုးဖြည့်တင်းမှုတွေလုပ်မယ့် ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂထံကနေ ပြန်လည်တောင်းခံသွားမယ်။ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အားနည်းလွန်းတဲ့လူမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဟာ ငွေကြေးနဲ့ စစ်ရေးအကူအညီ အများအပြားပေးနေရပေမယ့် ဥရောပသမဂ္ဂက အနည်းငယ်သာ အကုန်ကျခံပေးနေခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ ယူကရိန်းနိုင်ငံကို စစ်ပွဲနဲ့ပတ်သက်ပြီး စစ်ရေးအကူအညီများပေးခဲ့ရတဲ့အတွက် ကုန်ခမ်းသွားတဲ့ စစ်လက်နက်ပစ္စည်းများနေရာမှာ အစားထိုးဖြည့်တင်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄၄ ဘီလျံကို လွှတ်တော်ကနေ တောင်းခံဖို့ ကြိုးပမ်းနေကြောင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Lockheed Martin ရဲ့ အကြီးအကဲ က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းတည်ဆောက်ခဲ့တဲ့ အင်အားတောင်းတင်းတဲ့စစ်တပ်ကို အားနည်းမှု များဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး မိုက်မဲသူတစ်ဦးဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတဟောင်းက "အမေရိကန်အစိုးရဟာ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရကို အမေရိကန်ဒေါ်လာ ၂ဝဝ ဘီလျံကူညီပေးဖို့ ကတိပြုထားတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ ကူညီထောက်ပံ့ပေးမှု နည်းနည်းသာ လုပ်ထားတယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်ကာလတုန်းကလည်း နေတိုးအဖွဲ့အတွင်းရှိ မဟာမိတ်နိုင်ငံ များနဲ့ စစ်ရေးအသုံးစရိတ်ဆိုင်ရာကိစ္စများ အငြင်းပွားခဲ့ဖူးပြီး နေတိုးအဖွဲ့အတွင်းရှိ ဥရောပမဟာမိတ်နိုင်ငံများ အနေနဲ့ စစ်ရေးအသုံးစရိတ်အတွက်ပေးမယ်လို့ ကတိပြုထားတဲ့ငွေကြေးပမာဏအတိုင်းထည့် ဝင်ပေးစေလိုကြောင်း တောင်းဆိုခဲ့ဖူးပါတယ်။
ဒေါ်နယ်ထရမ့်က "သမ္မတဂျိုးဘိုင်ဒန်ဟာ အလွန်မိုက်မဲသူဖြစ်တယ်။ အမေရိကန်စစ်တပ်မှာ စစ်လက်နက်ပစ္စည်း ကုန်ခမ်းနေတယ်။ ဥရောပတိုက်ကိုလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ စီစဉ်ခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့ရှိ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာအရေးယူမည်ဟု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ထပ်မံအသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ