Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တံတားတိုက်ခိုက်ခံရပြီးနောက် ခရိုင်မီးယားမှာ ယူကရိန်းဒရုန်း ၃ဝ နီးပါးကို ရုရှားပစ်ချ

Htay Oung (NSS) - ဇူလိုင် ၁၉ 

ယခုရက်ပိုင်းအတွင်း ခရိုင်မီးယားမှာ ဒရုန်းအသုံးပြုတိုက်ခိုက်ဖို့ အားထုတ်မှုများပြားလာခဲ့ကြောင်း၊ ရုရှား လေကြောင်းရန် ကာကွယ်ရေးနဲ့ အီလက်ထရွန်နစ်တန်ပြန်မှုဆိုင်ရာစနစ်များက ယူကရိန်းဒရုန်း ၂၈ စင်းကို ပစ်ချခဲ့ တယ်လို့ မော်စကိုကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ကို RIA သတင်းအေဂျင်စီက ဇူလိုင်လ ၁၉ ရက်မှာ ရေးသားခဲ့ပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု (သို့မဟုတ်) ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါ တယ်။ ဇူလိုင်လ ၁၇ ရက်တုန်းက ယူကရိန်းတို့ရဲ့ပင်လယ်ပြင်သုံး ဒရုန်းရေယာဉ်ငယ်များနဲ့ တိုက်ခိုက်မှုကြောင့် ခရိုင်မီးယားတံတားမှာ မော်တော်ကားအသွားအလာများ ပြတ်တောက်ခဲ့ရပါတယ်။

သီးနှံတင်ပို့မှု သဘောတူညီချက်ကို သက်တမ်းတိုးဖို့ ရုရှားက ငြင်းဆိုခဲ့ပြီးနောက် ခရိုင်းမီးယားတံတား တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ပါတယ်။ ရုရှားရဲ့ငြင်းဆိုမှုဟာ သန်းနဲ့ချီတဲ့ ကမ္ဘာ့အဆင်းရဲဆုံးသူများကို ထိခိုက်စေလိမ့်မယ်လို့ ကုလ သမဂ္ဂက သတိပေးခဲ့ဖူးပါတယ်။ 

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အိုဒက်ဆာဆိပ်ကမ်းအဆောက်အအုံများ ပျက်စီးသွားတယ်လို့ သီးနှံ တင်ပို့မှု သက်တမ်းတိုးဖို့ မော်စကိုက ငြင်းဆိုပြီးနောက် နာရီပိုင်းအကြာမှာ ကိယက်ဗ်စစ်တပ်က ပြောပါတယ်။ ပစ်ချလိုက်တဲ့ ဒုံးကျည်တွေရဲ့အပျက်အစီးတွေနဲ့ ပေါက်ကွဲလှိုင်းလုံးတွေကြောင့် ဆိပ်ကမ်းအဆောက်အအုံတွေမှာ ထိခိုက်ခဲ့ရတယ်လို့ ယူကရိန်းတောင်ပိုင်း စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနသတင်း ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။

အမေရိကန်ကတော့ ပင်လယ်နက် သီးနှံသဘောတူညီချက်မှ ရုရှားနုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့ပြီး အန္တရာယ်များလွန်းတယ်လို့ မှတ်ချက်ပေးပါတယ်။ စားနပ်ရိက္ခာရှားပါးမှုကို ပိုမိုဆိုးရွားစေပြီး ကမ္ဘာတစ်ဝန်းရှိ ထိရှလွယ်တဲ့ လူသန်းနဲ့ချီပြီး ထိခိုက်နစ်နာစေလိမ့်မယ်လို့ ဆိုပါတယ်။

သီးနှံသဘောတူညီချက်ကို ဆိုင်းငံ့လိုက်တယ်လို့ ဇူလိုင်လ ၁၇ ရက် စောစောပိုင်းမှာ ကရင်မလင်က ကြေညာခဲ့ပြီး သဘောတူညီချက်ရဲ့ ရုရှားဘက်က အပိုင်းကို ဖြည့်ဆည်းပေးခြင်း မရှိဘူးလို့ ပြောပါတယ်။ သီးနှံသဘောတူညီ ချက်ကို သက်တမ်းတိုးဖို့ ရုရှားဘက်က ငြင်းပယ်ပြီး နာရီပိုင်းအကြာမှာ ယူကရိန်းရဲ့ သီးနှံတင်ပို့ရာ အဓိကနေရာ ဖြစ်တဲ့ အိုဒက်ဆာ ပင်လယ်နက်ကမ်းရိုးတန်းမြို့မှာ ဝေဟင်ကာကွယ်ရေးအတွက် စတင်လုပ်ဆောင်နေပြီလို့ ဆိပ်ကမ်းအာဏာပိုင်များက ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ယူကရိန်းတောင်ပိုင်းကို ရုရှားက ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ အိုဒက်ဆာဒေသ စစ်ဘက်ညွှန်ကြားရေးဋ္ဌာနထံမှ သိရှိရပါတယ်။ သီးနှံ သဘောတူညီချက်အရ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ယူကရိန်းနိုင်ငံက တင်ပို့နိုင်ခဲ့တာ  ကောက်ပဲသီးနှံတန်ချိန် သန်းပေါင်းများစွာ ရှိခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်မှ ရုရှားက နှုတ်ထွက်ခြင်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အန္တရာယ်ဖြစ်အောင်လုပ်နေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပါတယ်။

ခရိုင်မီးယားတံတားအတွက် လက်တုံ့ပြန်တယ်လို့ ရုရှားက ပြောဆိုပြီး နောက်တစ်နေ့မှာပဲ ယူကရိန်းနိုင်ငံ အို ဒက်ဆာ အပါအ၀င် အခြားဆိပ်ကမ်းမြို့တစ်မြို့ရှိ စစ်ဘက်ပစ်မှတ်များကို ရုရှားက လေကြောင်းမှ အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒုံးကျည်များနဲ့ အီရန်လုပ် “ခလီဗာ” ဒရုန်းများကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းတောင်ပိုင်း ဒေသစစ်ဘက် ကွပ်ကဲမှုဌာနက အတည်ပြုပေမယ့် အိုဒက်ဆာဆိပ်ကမ်းမှာ အဆောက်အအုံအတော်များများ ပျက်စီးသွားတယ်လို့ Reuters က ဇူလိုင်လ ၁၉ ရက်မှာ ရေးသားပါတယ်။

ယူကရိန်းအရှေ့ပိုင်း အခြေအနေများဟာ ရှုတ်ထွေးနေပြီး တောင်ပိုင်းမှာ အောင်မြင်စွာ ထိုးဖောက်ရှင်းလင်းနိုင်ခဲ့ တယ်လို့ ကိယက်ဗ်က ပြောပါတယ်။ မော်စကိုကတော့ ယူကရိန်းအရှေ့မြောက်ပိုင်းမှာ နယ်မြေအတော်များများကို စိုးမိုးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်မှုကို အားပေးကူညီနေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရ မိလိုက်တယ်လို့လည်း ပြောပါတယ်။ သီးနှံသဘောတူညီချက်ကို သက်တမ်းတိုးဖို့ ငြင်းဆိုပြီးနောက်ပိုင်း ပင်လယ်နက်ရေပြင်ဟာ အန္တရာယ်များလာတယ်လို့လည်း ဆိုပါတယ်။ 

အဲဒီအတောအတွင်း အရပ်သားများခိုလှုံရာ နေရာများမှာ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ၀တ္ထုပစ္စည်းများကို ရှင်းလင်း ဖို့အတွက် ကျွမ်းကျင်သူများအဖွဲ့ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိလာပါတယ်။ လာမယ့် သြဂုတ်လ တောင် အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မှာ BRICS ထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ရှိနေပါတယ်။ ဘရာဇီးလ်-ရုရှား-အိန္ဒိယ-တရုတ်-တောင်အာဖရိ အစရှိတဲ့နိုင်ငံများ ဦးဆောင်ကျင်းပတဲ့ အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ကြားထားပါတယ်။  

ဒါပေမဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ပူတင်ကို ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ အဲဒီအစည်းအဝေးဟာ အများ စိတ်ဝင်စားစရာဖြစ်ပါတယ်။ (မိမိတို့နိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်ကြောင်း ရောမသဘောတူညီချက်မှာ လက်မှတ် ရေးထိုးထားခဲ့ပေမယ့်) ပူတင်ကို ဖမ်းဆီးခဲ့မယ်ဆိုရင် စစ်ကြေညာရာ ရောက်ရှိသွားလိမ့်မယ်လို့  BRICS ထိပ်သီး အစည်းအဝေး အိမ်ရှင်ဖြစ်သူ တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်_ရမ်မာဖိုဆာက ပြောပါတယ်။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ ဩစတြေးလျက စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်သွားဖို့ ရုရှားကို တိုက်တွန်းပါတယ်။ ဂျပန်ကတော့ သီးနှံသဘောတူညီချက်ကို ဆိုင်းငံ့လိုက်တဲ့အတွက် ရုရှားကို ရှုတ်ချပါတယ်။


ဇူလိုင်လ ၁၇ ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ မော်စကိုဖက်က ပို့ကုန် တွေအတွက် တိုးတက်ကောင်းမွန်လာအောင် ဖန်တီးပေးတာမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား လက်ထောက်သံအမတ်ကြီးက ပြောပါတယ်။ ယူကရိန်းတို့က ရုရှားအရပ်သားများနဲ့ စစ်ဘက်ဆိုင်ရာအဆောက် အအုံများအပေါ် တိုက်ခိုက်-ရန်စဖို့အတွက် ပွင့်လင်းရေကြောင်းလမ်းကို အကာအကွယ်ယူနေတယ်လို့ စွပ်စွဲပါ တယ်။

အတားအဆီးများရှိနေပေမယ့် ရုရှားနိုင်ငံအနေနဲ့ ဖောက်သည်များထံ သီးနှံထောက်ပံ့ပေးနိုင်ဖို့အတွက် စာချုပ်ပါ ဝတ္တရားများအားလုံးကို ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လိုအပ်နေသူများကို ဆက်လက် ပံ့ပိုး ကူညီသွားဖို့ ကတိပြုပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားလက်ထောက်သံအမတ်ကြီးက ပြောပါတယ်။ 

#အိုဒက်ဆာဆိပ်ကမ်း #ယူကရ်ိန်း #သီးနှံသဘောတူညီချက် #ခရိုင်မီးယားတံတား #ဒရုန်းတိုက်ခိုက်မှု #ရုရှား #BRICS #တောင်အာဖရိကသမ္မတ_ဆိုင်ရယ်_ရမ်မာဖိုဆာ

(TRT World.,18 July 2023,” Live blog: Russia 'downs' dozens of Ukraine drones over Crimea as grain deal ends” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတပြန်ဖြစ်လာပါက ယူကရိန်းထံပေးခဲ့ရတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂထံကနေ ပြန်တောင်းမယ်လို့ ဒေါ်နယ်ထရမ့် ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved