Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှေးခေတ်ရုပ်ရှင်ကားကြီး လေးကားအား ဒီဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြသနိုင်ရေးဆောင်ရွက်နေပြီး ပိုင်ဆိုင်မှုအထောက်အထားများတင်ပြရန် ရုပ်ရှင်အစည်းအရုံးအသိပေး

ယွန်း (NSS) - ဇူလိုင် ၁၉

ဗိုလ်မြဒင် အပါအဝင် ရှေးခေတ်ရုပ်ရှင်ကားကြီး လေးကားအား ပိုင်ရှင်များအနေဖြင့် သက်သေအထောက် အထားတင်ပြ၍ ပိုင်ဆိုင်ကြောင်းဆက်သွယ်ခြင်းမရှိပါက ရုပ်ရှင်အစည်းအရုံး၏ ပိုင်ဆိုင်မှုအဖြစ် သတ် မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယမန်နေ့(ဇူလိုင်လ ၁၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။


ဗိုလ်မြဒင်(၁၉၅၇) အပါအဝင် သံမဏိသစ္စာ(၁၉၇၀)၊ မှုံနံသာခြယ်ကာသပါလို့(၁၉၇၂) နှင့် ငွေလှိုင်းဇာပေါ်မှာ(၁၉၈၇) စသည့် ရုပ်ရှင်ကားလေးကားသည် မှိုတက်နေသော Umatic Tape ခွေများအဖြစ် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အများပြည်သူသို့ ပြန်လည်ပြသနိုင်ရန် မှိုသန့်စင်ခြင်း အပါအဝင် တိတ်ခွေမှ ဒီဂျစ်တယ်စနစ်ဖြင့် ပြသပေးနိုင်ရေး လုပ်ငန်းများကို အဆင့် ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတိပ်ခွေများကို ပြသမည့် Umatic Tape Player များသည် လက်ရှိတွင် အသစ်ထွက်ရှိခြင်းမရှိတော့သည့်အတွက် တစ်ပတ်ရစ်စက်များကို ပြည်ပမှရှာဖွေလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆိုထားသည်။

“Tape နဲ့ လုပ်ထားတဲ့ဟာတွေပါ အချပ်ဖြစ်အောင်ပြန်ကူးရဦးမယ် ကြားထဲမှာ အဆင့်တွေရှိသေးတယ်။ အခုလောလောဆယ်တော့ သန့်ရှင်းရေးလုပ်ပြီး ကူးဖို့တွေလုပ်နေတယ်။ အဲဒီစက်ကလည်း မှာရမယ်။ အခုက မူရင်းပိုင်ရှင်သိအောင်ကြေညာလိုက်တာ။ နောက်မို့ဆိုရင် ပိုက်ဆံတွေ ကုန်ပြီးတော့ နောက်ပိုင်းကျ ပိုင်ရှင်ပေါ်လာတာတွေဘာတွေဖြစ်မှာစိုးလို့ပါ။ ကားတွေကလည်း ရှားရှားပါးပါးတွေလေ။ တချို့တွေက ရှိတောင်မရှိတော့ဘူး” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက NP News ကိုပြောသည်။

အဆိုပါ ဇာတ်ကားများအတွက် ဇာတ်ကားတစ်ထုပ်လျှင် ငွေကျပ် (၁၀)သိန်းအထက်ကုန်ကျမည်ဖြစ်ပြီး ပိုင်ရှင်များအနေဖြင့် မိမိဇာတ်ကားများကို ပြန်လည်ရယူလိုပါက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ငွေကျပ်(၁၀)သိန်း ကြိုတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချို့ကလည်း ဆက်သွယ်တာမရှိပါဘူး။ တစ်ချို့ဆိုရင် ကုမ္ပဏီတောင်မရှိတော့ဘူး”ဟု ဦးအေးကြူလေးက ဆက်လက်ပြောသည်။

ပိုင်ရှင်များအနေဖြင့် ရုပ်ရှင်ကားများကို ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားတင်ပြ၍ အောက်တိုဘာလနောက်ဆုံးထားပြီး ငွေပေးသွင်းရမည်ဖြစ်ကြောင်း အစည်းအရုံးက အသိပေးကြေညာထားသည်။

၎င်းတို့အနေဖြင့် ဆက်သွယ်မှုမရှိပါက အဆိုပါရုပ်ရှင်ကားများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပိုင်ဆိုင်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတလင်ဂျာရိုအမ်ရက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved