လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ တရားမဝင် အလုပ်သမားပို့ဆောင်ရေးကိစ္စများ၌ ပါဝင်ပတ်သက်မှုမရှိရေး အလုပ်သမားဝန်ကြီး အသိပေး
ယွန်း (NSS) - ဇူလိုင် ၁၉
လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမားတရားမဝင် ပို့ဆောင်ရေးကိစ္စများတွင် ပါဝင်ပတ်သက်မှုမရှိရန် အလုပ်သမားဝန်ကြီးမှ အသိပေးပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဇူလိုင်လ(၁၈)ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားအေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဥ်များကို ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ မှန်ကန်စွာလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ပသို့ အလုပ်သမားများ တရားမဝင်ပို့ဆောင်ရေးကိစ္စများ၌ ပါဝင်ပတ်သက်မှုမရှိစေရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
အလားတူ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများနှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်ပါ မိသားစုလွှဲ ပို့ငွေကိစ္စရပ်များကို နိုင်ငံတော်က ငွေလွှဲစနစ်များ၊ နည်းလမ်းများအတိုင်း စနစ်တကျလွှဲပြောင်းပေးနိုင်ရေးကို ဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။
အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုဖြစ်စဥ်များကိုလည်း အမြန်ဆုံးဖြေရှင်းမှုများ ဆောင် ရွက်ပေးရန် ဆက်လက်ပြောကြားခဲ့သည်။
အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဥ်များ တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ သတင်းပို့၍ အလုပ်သမားသံအရာရှိများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်သည့် အလုပ်သမားစတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံ(၇)နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို ရှေ့လတွင်စတင်ထုတ်ပေးမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း