ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းခွင့်မရရင် ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမယ်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၈
ဇူလိုင် ၁၉ ရက်မှာ ကျင်းပမယ့် ထိုင်းလွှတ်တော်အစည်းအဝေးအတွင်း ရှေ့သို့ချီပါတီခေါင်းဆောင်ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းထပ်မံ တင်သွင်းခွင့် ပြု/မပြုဆိုတဲ့အချက်ကိုစဉ်းစားဆုံးဖြတ်သွားမှဖြစ်ရာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းမအောင်မြင်ပါက ဖြူထိုင်းပါတီအနေနဲ့ Srettha Thavisin ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမှာဖြစ်တယ်လို့ ဖြူထိုင်းပါတီရဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Paetongtarn Shinawatra က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Paetongtarn Shinawatra ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်ပြီး မေလအတွင်းကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖြူထိုင်းပါတီကို ဦးဆောင်စည်းရုံးပေးခဲ့သူဖြစ်ပါတယ်။ ပါတီရဲ့အုပ်ချုပ်မှု ကော်မတီဟာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် ဘယ်သူကိုအမည်စာရင်းတင်သွင်းမလဲဆိုတာကို ဆုံးဖြတ် မှာဖြစ်ပြီး ပါတီအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ သူမအနေနဲ့ အိမ်ခြံမြေ လုပ်ငန်းရဲ့ သူဋ္ဌေးကြီးဖြစ်သူ Srettha Thavisin ကို ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ အားပေး ထောက်ခံကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူဟာ ဖြူထိုင်းပါတီက ရွေးချယ်မယ့် ဝန်ကြီးချုပ်လောင်း သုံးဦး ထဲမှာ ပါဝင်နေသူဖြစ်ကြောင်း သိရပါတယ်။ ၎င်းက ဖြူထိုင်းပါတီအနေနဲ့ ညွန်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ခွင့်ရမယ်ဆိုရင် သူမအနေနဲ့ ဝန်ကြီးနေရာ လက်ခံဖို့ကိစ္စကို အပြီးသတ်စဉ်းစားထားတာမျိုး မရှိသေးကြောင်း ပြောပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရွေးချယ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အသစ်ရွေးချယ်ပွဲ ပထမအကျော့မှာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရပြီး ရွေးချယ်ခံခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာဖြစ်ပါတယ်။ ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီတို့ဦးဆောင်တဲ့ ညွှန်ပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၉ ရက်မှာ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ ဆန္ဒရှိနေပေမယ့် လွှတ်တော်စည်းကမ်းနဲ့ ညီ/မညီ ဆိုတဲ့အချက်ကို အဆုံးဖြတ်ခံယူရဖွယ်ရှိနေပါတယ်။
ပီတကို ဝေဖန်သူများက လာမယ့်ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ်ထပ်မံ အမည်စာရင်းတင်သွင်းမယ်ဆိုရင် လွှတ်တော်တစ်ခုအတွင်း မအောင်မြင်တဲ့အဆိုတစ်ခုကို တစ်ခါတစ်လဲလဲ တင်သလိုမျိုးဖြစ်နေကြောင်း ဝေဖန်ထားပါတယ်။
Paetongtarn Shinawatra က "ဇူလိုင် ၁၉ ရက်မှာ ဘာတွေဖြစ်မလဲဆိုတာကို တွေ့မြင်ရမှာပါ။ ကျွန်မတို့ကတော့ ပီတ လင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ဦးစားပေးမှာပါ" လို့ ပြောပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌဟာ လက်ရှိအချိန်မှာ ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ခွင့်ပြု/မပြု ဆိုတဲ့အချက်အတွက် လွှတ်တော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အကြံပေးအုပ်စုနဲ့ တိုင်ပင်ဆွေးနွေးရဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျူခေတ်ဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရန် နှင့် ပျူမျိုးဆက်များကို သုတေသနပြုလုပ်ရန် နစက ပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ