ပျူခေတ်ဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရန် နှင့် ပျူမျိုးဆက်များကို သုတေသနပြုလုပ်ရန် နစက ပြင်ဆင်နေ
မျိုးကြီး (NSS) - ဇူလိုင် ၁၈
ပျူခေတ်ဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရန်နှင့် ပျူမျိုးဆက်များကို သုတေသနပြုလုပ်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
နစကဥက္ကဋ္ဌသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ သရေခတ္တရာမြို့ဟောင်းယဉ်ကျေးမှုဇုန်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါကဲ့သို့ လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုသည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် ဒုဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သည့် ပျူမျိုးဆက်ဆိုင်ရာသုတေသနလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ပျူမျိုးဆက်ဆိုင်ရာကွင်းဆင်းသုတေသနလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
၎င်းအဖွဲ့အနေဖြင့် ပျူလူမျိုးတို့၏ မျိုးရိုးဗီဇ နှင့် သက်တမ်းတွက်ချက် သုတေသနပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ဌာနအနေနဲ့ ပျူနဲ့ပတ်သက်ပြီးတော့ စာပေအထောက်အထားတွေ၊ ကွင်းဆင်းသုတေသနအစီရင်ခံစာတွေ၊ တူးဖော်တွေ့ရှိချက်တွေ၊ ကျောက်စာတွေကို ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့ သုတေသနအရာရှိအဖွဲ့နဲ့ စိစစ်သုတေသနပြုတာတွေဆောင်ရွက်နေတယ်။ ပြီးတော့ အထောက်အထားတွေကို ထုတ်နှုတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာလည်း ကျွမ်းကျင်ဝန်ထမ်းတွေအပြင် ပြင်ပကပျူနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ မြန်မာ့သမိုင်းအဖွဲ့က ပျူနဲ့ပတ်သက်တဲ့ ပညာရှင်တွေနဲ့ စုစည်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ဆောင်ရွက်ဖို့ စီစဥ်လျက်ရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်၊ ညှိနှိုင်းအဖြေရှာပြီး စိစစ်ပြီးတော့မှ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က NP News ကိုပြော သည်။
ထို့ပြင် မြန်မာ့သမိုင်းစဉ်တစ်လျှောက်၌ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှစ၍ ပျူခေတ်ကာလအထိ သမိုင်းကြောင်း အစဉ်အဆက်ဖြတ်သန်းခဲ့သော ပျူလူမျိုးများ၏ မျိုးရိုးဗီဇများ နှင့် ယနေ့ခေတ်ကာလ လူမျိုးများ၏ မျိုးရိုးဗီဇကိုလည်း နှိုင်းယှဉ်လေ့လာသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
ပျူမျိုးဆက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပျူရှေးဟောင်းမြို့တော်များနှင့် ကြေးခေတ်၊ သံခေတ်နေရာများတွင်လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသုတေသနလုပ်ငန်းသည် နိုင်ငံတော်အဆင့် ပြုလုပ်ခြင်းဖြစ်သည့်အတွက် အစ၊ အလယ်၊ အဆုံး မှတ်တမ်းတင်ပြုစုသွားမည်ဟုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ