ဖခင်ဖြစ်သူက (၃)လအရွယ်သားဖြစ်သူကို ရော်ဘာခြံထဲသို့ သွားရောက်စွန့်ပစ်မှု သံဖြူဇရပ်မြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဖခင်ဖြစ်သူက (၃)လအရွယ်သားဖြစ်သူကို ရော်ဘာခြံထဲသို့ သွားရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကလေးငယ်ကို ပြီးခဲ့သော(ဇူလိုင်လ ၁၄ ရက်)၊ ည ၈နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက် (ကွက်သစ်)၊ ကန်တော်ကျောင်းအနီးရှိ ရော်ဘာတောစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စွန့်ပစ်ခံရသောကလေးငယ်သည် အသက်(၃)လခွဲအရွယ်ဝန်းကျင်ရှိသည့် ယောက်ျားလေးဖြစ်ကြောင်း သိရသည်။
“ကလေးငယ်က အသက်သုံးလခွဲဝန်းကျင်ခန့်ရှိတယ်ာ်။ ကလေးရဲ့အဖေက သူ့အဖွားမသိအောင် အဲဒီရော် ဘာတောစပ်မှာသွားပစ်ထားတာပေါ့။ အဲဒီလိုပစ်တာကို အဲဒီနားကလူတွေကတွေ့ပြီးတော့။ ကျွန်တော်တို့ကို အကြောင်းကြားတာပေါ့”ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောကြားခဲ့သည်။
အဆိုပါကလေးငယ်၏ဖခင်သည် အသက်(၁၇)နှစ်ခန့်သာရှိပြီး ကလေး၏မိခင်ဖြစ်သူသည် ၎င်းအားမွေးပြီး (၆)ရက်သား အရွယ်ကပင် မိသားစုကိုစွန့်ခွာသွားခဲ့ကြောင်း သိရသည်။
“ကလေးအဖွားနဲ့တော့နောက်နေ့မှာ ပြန်တွေ့တယ်။ သူ့အဖေနဲ့လည်းတွေ့တာပေါ့။ အဲဒါနဲ့ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေရှေ့မှာမေးကြည့်တော့ ကလေးရဲ့အဖေကတော့ ကလေးကိုတာဝန်မယူနိုင်ဘူးပေါ့နော်။ ကလေးငယ်ရဲ့အဖွားကလဲ သူလဲတာဝန်မယူနိုင်ဘူးလို့ပြောတယ်ပေါ့နော်”ဟု ၎င်းကဆက် လက်ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါကလေးငယ်အား (ဇူလိုင်လ ၁၆ ရက်)တွင် မော်လမြိုင်မြို့ရှိ နဂါးမောက်ဆရာတော် ၏ ခွင့်ပြုမိန့်ဖြင့် မြဆည်းဆာဘိုးဘွားရိပ်သာနှင့်မိဘမဲ့ဂေဟာသို့သွားရောက်အပ်နှံခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုရေးဖောက်ပြန်မှုများရှိခဲ့တဲ့ စင်ကာပူလွှတ်တော်ဥက္ကဋ္ဌ နဲ့ လွှတ်တော်အမတ်တို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ