လူမှုရေးဖောက်ပြန်မှုများရှိခဲ့တဲ့ စင်ကာပူလွှတ်တော်ဥက္ကဋ္ဌ နဲ့ လွှတ်တော်အမတ်တို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၇
စင်ကာပူလွှတ်တော်ဥက္ကဋ္ဌ Tan Chuan-Jin နဲ့ လွှတ်တော်အမတ် Cheng Li Hui တို့ဟာ လူမှုရေးဖောက်ပြန်မှုများနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဇူလိုင် ၁၇ ရက်မှာ နှုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိ လွှတ်တော်ဥက္ကဋ္ဌဟာ သားသမီးနှစ်ဦးရှိပေမယ့် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Cheng Li Hui နဲ့လူမှုရေးအရှုပ်အရှင်းများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ပါတယ်။
စင်ကာပူလွှတ်တော်ဥက္ကဋ္ဌ Tan Chuan-Jin နဲ့ လွှတ်တော်အမတ် Cheng Li Hui တို့ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ကြောင်းစာ တင်ခဲ့ပေမယ့် နှုတ်ထွက်ရတဲ့အကြောင်းအရင်းကို အတိအကျ ပြောဆိုခြင်းမျိုး မရှိသေးကြောင်း၊ ၎င်းတို့နှစ်ဦးရဲ့လူမှုရေးအရှုပ်အထွေးများကြောင့် နှုတ်ထွက်ခြင်းဖြစ်ဖွယ်ရှိနေ ကြောင်း သတင်းတွေက ဆိုပါတယ်။
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက ၎င်းအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ Tan Chuan-Jin နဲ့ လွှတ်တော်အမတ် Cheng Li Hui တို့ကို ၎င်းတို့နှစ်ဦးကြားဆက်ဆံရေး ရပ်တန့်ဖို့ ပြောဆိုခဲ့ပေမယ့် ၎င်းတို့နှစ်ဦးစလုံးက လူမှုရေး ဖောက်ပြန်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဆိုပါတယ်။ စင်ကာပူလွှတ်တော်ဥက္ကဋ္ဌက " ကျွန်တော့်အနေနဲ့ မိသားစုကိုတာဝန်ယူဖို့ ကူညီပေးဖို့ တာဝန်ရှိနေပါတယ်။ ကျွန်တော်ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မိသားစုနဲ့ ဆွေးနွေးခဲ့တယ်။ မိသားစုဟာ ကျွန်တော်ကို နိုင်ငံရေးလောက အနားယူဖို့ နှုတ်ထွက်ဖို့ သဘောတူညီခဲ့တယ်" လို့ ပြောပါတယ်။
စင်ကာပူလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ Cheng Li Hui ဟာ အိမ်ထောင်သည်တစ်ဦးမဟုတ်ပေမယ့် ကလေး နှစ်ယောက်ဖခင်ဖြစ်သူ စင်ကာပူလွှတ်တော်ဥက္ကဋ္ဌ နဲ့ လူမှုရေး ဖောက်ပြန်မှုများ၊ မသင့်တော်တဲ့ကိစ္စများ ရှိနေခဲ့ တယ်လို့ အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ၎င်းက "ကျွန်မဟာ မကြာသေးမီက ဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ အခြေအနေတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ရတာ စိတ်မကောင်းပါဘူး။ ကျွန်မ ရဲ့ပါတီ နဲ့ ဒေသခံတွေကို တောင်းပန်ပါတယ်" လို့ ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ်က ၎င်းတို့ပါတီအနေနဲ့ ပြီးခဲ့တဲ့နှစ်များအတွင်း ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်း တွေကို အမြင့်ဆုံးထိန်းသိမ်းခဲ့ပြီး အဲဒီစံနှုန်းတွေကို ထိန်းသိမ်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်တဲ့ ဆုံးဖြတ်ချက်မျိုး လိုအပ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေဈေး မတည်ငြိမ်ခြင်းကြောင့် ပြည်တွင်း စားအုန်းဆီဈေးနှုန်း အမြင့်ပိုင်းတွင် ဆက်လက်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ