အာဇာနည်နေ့မှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သုံးရက်တိုင်တိုင် အခမဲ့ဖွင့်လှစ်ပြသမည်
ယွန်း (NSS) - ဇူလိုင် ၁၇
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နှင့် အတွင်းဝန်ရုံးတို့ကို အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲအဖြစ် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဇူလိုင်လ(၁၉)ရက်မှစတင်ကာ ဇူလိုင်လ(၂၁)ရက်အထိ သုံးရက်တိုင်တိုင် နံနက်(၇)နာရီမှ ညနေ(၅)နာရီအတွင်း အများပြည်သူများ လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
အလားတူ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံး(ယခင်ဝန်ကြီးများရုံး)ကိုလည်း ဇူလိုင်လ (၁၉)ရက်တွင် နံနက် (၈) နာရီ မှ ညနေ(၄)နာရီအထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် အတွင်းဝန်ရုံး အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လည်ပတ်မည့်သူများအနေဖြင့် ဘောလ်ပင်အမျိုးမျိုး အပါအဝင် လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် သုံးသည့် ကော်ပိုက်/တုတ်နှင့် သံပိုက်များကို ယူဆောင်ပြီး လာရောက်ခြင်းမပြုရန် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာအစား ရူပီးငွေကြေးဖြင့် ကုန်သွယ်မှုအခြေချဖို့ နယူးဒေလီက ယူအေအီးနဲ့ ချိတ်ဆက်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ