Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်လာအစား ရူပီးငွေကြေးဖြင့် ကုန်သွယ်မှုအခြေချဖို့ နယူးဒေလီက ယူအေအီးနဲ့ ချိတ်ဆက်

Htay Oung (NSS) - ဇူလိုင် ၁၇ 

အမေရိကန်ဒေါ်လာအစား ရူပီးငွေကြေးကို အသုံးပြုပြီး ကုန်သွယ်ရေးမှာ အခြေချခွင့် ရရှိဖို့အတွက် အိန္ဒိယက ယူအေအီး (ခေါ်) အာရပ်စော်ဘွားများပြည်ထောင်စု နဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါ တယ်။ ဒေါ်လာငွေကို အခြေခံပြီး လဲလှယ်နေကြရာမှာ ကုန်ကျစရိတ်များကိုလျှော့ချဖို့အတွက် ကြိုးပမ်းမှုများမှာ နယူးဒေလီက အရှိန်မြှင့်တင်လာခြင်းဖြစ်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

စနေနေ့ ဇူလိုင်လ ၁၅ ရက်က ယူအေအီးနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ လာရောက်လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေလွှဲမှုများ လွယ်ကူချောမွေ့စေဖို့ နဲ့ အချိန်နဲ့တပြေးညီ ငွေပေးချေမှုများအတွက် ချိတ်ဆက်မှုတစ်ခု ထူထောင်ဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။


အဲဒီသဘောတူညီချက်နှစ်ခုဟာ ချောမွေ့တဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးငွေယူမှုများနဲ့ ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ပြီး ပိုမိုကြီးမားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း  စနေနေ့ ဇူလိုင် ၁၅ ရက်က အိန္ဒိယဗဟိုဘဏ်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရူပီးငွေကြေးကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကိုဖြေရှင်းမယ့် မူဘောင်တစ်ရပ်ကို ကမ္ဘာ့တတိယ အကြီးဆုံး ရေနံတင်သွင်းသူနဲ့ စားသုံးသူစျေးကွက်ကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဗဟိုဘဏ်က ယမန်နှစ်မှာ ကြေညာခဲ့ပါတယ်။ လောလောဆယ် အိန္ဒိယဟာ ယူအေအီးနိုင်ငံက ရေနံကို အမေရိကန်ဒေါ်လာနဲ့ ပေးချေနေရပါ တယ်။ 

နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂ဝ၂၂ ခုနှစ် ဧပြီလမှ ၂ဝ၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၈၄ ဒသမ ၅ ဘီလျံအထိ ရှိခဲ့ပါတယ်။

ယူအေအီးရေနံအတွက် အိန္ဒိယက ပထမဆုံး ရူးပီးငွေအသုံးပြုမှုအဖြစ် အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီကို ငွေပေး သွင်းနိုင်ခဲ့တယ်လို့  သဘောတူညီချက်အသေးစိတ်အချက်အလက်များကို သိရှိထားတဲ့ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းအေဂျင်စီကို  ပြောပြပါတယ်။

နှစ်နိုင်ငံ ဗဟိုဘဏ်အချင်းချင်း ချိတ်ဆက်ဖို့ကိုလည်း နယူးဒေလီနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရှိရပါတယ်။ အာရှမှာ တစ်နေ့တစ်ခြား ပိုမိုအသုံးများလာတဲ့ အခုလိုအစီအစဉ်တွေဟာ ပုံမှန်အားဖြင့် ငွေပေးချေမှုကုန်ကျစရိတ်များကို လျှော့ချပေးပါတယ်။

စနေနေ့နံနက် စောစောပိုင်း တစ်ရက်ကြာ ခရီးစဉ်အဖြစ် အဘူဒါဘီကို ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ်ဟာ ယူအေ အီးနိုင်ငံ သမ္မတ မိုဟာမက်_ဘင်_ဇေယက်_အယ်လ်_နာဟန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

#ဒေါ်လာအစား_ရူပီးငွေကြေးအသုံးပြု_ကုန်သွယ်ရေး #၀န်ကြီးချုပ်နာရင်ဒြာမိုဒီ #အိန္ဒိယ #ယူအေအီး 

#ကမ္ဘာ့တတိယအကြီးဆုံး_ရေနံတင်သွင်းသူနှင့်_စားသုံးသူစျေးကွက်ကြီး #နယ်စပ်ဖြတ်ကျော်_ငွေပေးငွေယူ_ငွေပေးချေမှုများ

(Reuters., 16 July 2023,” India ties up with UAE to settle trade in rupees ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြေစာရင်းရုံးတို့ Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved