ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြေစာရင်းရုံးတို့ Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
NSS - ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြေစာရင်းရုံးတို့သည် Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၆ ရက်)၊ ည ၁၁ နာရီအချိန်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက NP News ကို ပြောသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ဒရုန်း(၂)စီးဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း နှင့် မြေစာရင်းရုံးတို့ကို ဗုံးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒရုန်းနှစ်စီးနဲ့ ဗုံးလာချတာပေါ့။ ရဲစခန်းပေါ်လည်း ကျတယ်။ ထွေအုပ်ရုံးပေါ်လည်း ကျတယ်။ နောက် မြေစာရင်းရုံးမှာလည်း ဗုံးကျသွားတယ်။ ရဲစခန်းမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ဆုံးသွားတယ်လို့ သိရတယ်။ ဒရုန်းနှစ်စီးနဲ့ ည ၁၁ နာရီ လောက်မှာ လာချသွားတာ။ ပေါက်ကွဲသံတွေကတော့ (၄)ကြိမ်လောက် ကြားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ KNLA၊ PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ရုံးအဆောက် အအုံအချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အထက်ပါပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုအပေါ် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း မြို့ခံတစ်ဦးက ဆက်လက်ပြောသည်။
ထို့ပြင် KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဇွန်လ ၂ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများနှင့် လုံခြုံရေးအဖွဲ့ဝင်များကို အင်အားအများအပြားဖြင့် လာရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။
အလားတူ ဇူလိုင်လ ၇ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို ဝင်စီးကာ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်ပွားသော အက်ဆီးဒန့်ကြောင့် မြန်မာနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း