ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်ပွားသော အက်ဆီးဒန့်ကြောင့် မြန်မာနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံး
ဂျန်ဇက် (NSS) - ဇူလိုင် ၁၇
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Nawamin လမ်း၊ Wat Bang Toei အရပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင် ၁၅ ရက်က အက်ဆီးဒန့်တစ်ခုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဆောက်လုပ်လျက်ရှိနေသည့်အဆောက်အဦး၏ ဘိလပ်မြေထုတ်တန်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် Bueng Kum ရဲစခန်းမှ ရဲမှူးကြီး Thuwanan Ngoenyaung ဦးဆောင်သော ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေအပျက်အစီးများအောက်တွင် မြန်မာနိုင်ငံသားနှစ်ဦး ပိတ်မိနေသည်ကို တွေ့မြင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ အက်ဆီးဒန့်ဖြစ်ပွားသော နေရာသည်မူကြိုကျောင်း အဆောက်အဦးတည်ဆောက်နေသော ဆောက်လုပ် ရေးလုပ်ငန်းခွင်ဖြစ်ပြီး ၂ နှစ်ထပ် အဆောက်အဦးဖြစ်ကြောင်း၊ ပထမအထပ် နှင့် ဒုတိယအထပ်ကြားက လသာဆောင်ရှိ အရှည် ၁ မီတာရှိ ဘိလပ်မြေထုတ်တန်းနှင့် အရှည် ၄ မီတာရှိ သစ်ချောင်းများလည်း ပြုတ်ကျခဲ့ ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ က ပြောသည်။
ဘိလပ်မြေထုတ်တန်း နှင့် သစ်ချောင်းများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အမြင့် ၅ မီတာကျော်မှ အောက်ရှိ မြန်မာနိုင်ငံသားနှစ်ဦးအပေါ်ကို ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူတစ်ဦးကို Nopparat တင်ပို့ခဲ့ကြောင်း တစ်ဦးကတော့ ပါးစပ်မှ သွေးများထွက်ခဲ့ပြီး ခြေထောက်နှစ်ချောင်းလုံးကျိုးသွားခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံး၊ ဒဏ်ရာရသူနှစ်ဦးသည် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၁ဝ ရက်ခန့်သာ ရှိသေးကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားအလုပ်သမား နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ် ရန်အတွက် စာချုပ်ချုပ်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးခဲ့သော ဒဏ်ရာရသော မြန်မာနိုင်ငံသားသည် အသက် ၂၈ နှစ်အရွယ်ရှိသလို ဒဏ်ရာရသော မြန်မာနိုင်ငံ သားသည် အသက် ၂၇ နှစ်အရွယ်သာရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အခြားအလုပ်သမားများသည် အဆောက်အအုံနောက်ဘက်တွင် ဆောက်လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖခင်ဖြစ်သူက (၃)လအရွယ်သားဖြစ်သူကို ရော်ဘာခြံထဲသို့ သွားရောက်စွန့်ပစ်မှု သံဖြူဇရပ်မြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း