ယူကရိန်းကို cluster ဗုံးများ ပံ့ပိုးကူညီပေးပြီး အမေရိကန်အစိုးရ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း ရုရှားသမ္မတပူတင် ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၇
အမေရိကန်အစိုးရဟာ ယူကရိန်းကို cluster ဗုံးများ ပံ့ပိုးကူညီပေးပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။
အမေရိကန်အစိုးရဟာ နိုင်ငံအတွင်းမှာ လက်နက်ခဲယမ်းမီးကျောက်များ ကုန်ခမ်းနေတဲ့အတွက် ယူကရိန်းကို cluster ဗုံးများ ကူညီပံ့ပိုးပေးနေရခြင်းဖြစ်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။
သမ္မတပူတင်က "ကျွန်တော်တို့နိုင်ငံဟာ cluster ဗုံးတွေအမျိုးမျိုး ပိုင်ဆိုင်ထားပြီး အလုံလောက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့ဟာ အဲဒီဗုံးတွေ၊ ကျည်ဆံတွေကို အသုံးမပြုသေးဘူး။ အမေရိကန်အစိုးရဟာ cluster ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေ အသုံးပြုခြင်းကို စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအဖြစ် အရင်တုန်းက ပြောဆို တာမျိုးတွေ ရှိခဲ့ဖူးတယ်။ လက်ရှိအချိန်မှာတော့ သူတို့ကိုယ်တိုင် စစ်ရာဇာဝတ်မှုကျူးလွန်နေတာမျိုးဖြစ်နေတယ်" လို့ ပြောပါတယ်။
အဆိုပါ cluster ဗုံးတွေကို အသုံးမပြုဖို့ ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက တားဆီးပိတ်ပင်ထားကြောင်း သိရပါတယ်။ cluster ဗုံးတွေ အသုံးမပြုဖို့ တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံ သဘောတူစာချုပ်ချုပ်ဆို ထားတဲ့ Convention on Cluster Munitions စာချုပ်ထဲမှာ အမေရိကန်၊ ယူကရိန်းတို့ ပါဝင်ခြင်းမရှိကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ဇူလိုင် ၇ ရက်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထပ်မံကူညီပေးဖို့ ခွင့်ပြုခဲ့ရာ အဲဒီ ခွင့်ပြုချက်ထဲမှာ cluster ဗုံးတွေ ပံ့ပိုးပေးမယ့်အစီအစဉ်တွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ရုရှားသမ္မတပူတင်က "ယူကရိန်းဟာ ကျွန်တော်တို့ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ cluster ဗုံးတွေကို အသုံးပြုလာမယ်ဆိုရင် ကျွန်တော် ဘက်ကလည်း သင့်တော်တဲ့တုံ့ပြန်မှုတွေ ပြန်လည်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံဟာ cluster ဗုံးတွေ အသုံးမပြုဘူးဆိုတဲ့အချက်ကို ပြန်ပြောင်းစဉ်းစားသွားမှာပါ" လို့ ပြောပါတယ်။
အဆိုပါဗုံးများဟာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာရှိ လူဒါဇင်ချီ (သို့မဟုတ်) ရာချီ သေဆုံးအောင်ပြုလုပ်ထားတဲ့ ဗုံးမျိုး ဖြစ်ပြီး ရန်သူတပ်ဖွဲ့များ ထိခိုက်ပျက်စီးမှုများပြားအောင် ဒီဇိုင်းထုတ်လုပ်ထားတဲ့ ဗုံးမျိုးဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပြည်သာမြို့နယ်အတွင်း ဓါးကိုင်ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ