ရွှေပြည်သာမြို့နယ်အတွင်း ဓါးကိုင်ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
NSS - ဇူလိုင် ၁၇
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ဓါးကိုင်ရမ်းကားနေသူကို လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၇ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ကောက်သစ်(၁)လမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
အထက်ပါရပ်ကွက်အတွင်း နေထိုင်သော ကိုကျော်ဇေယျ ဆိုသူသည် မူးယစ်သောက်စားကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ရန်ပြုနေသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သွားရောက်တားဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုကျော်ဇေယျဆိုသူသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ဓါးဖြင့် ထပ်မံရန်ပြုခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြော သည်။
“အရက်ကြောင် ကြောင်ပြီး ဓါးကိုင်သောင်းကျန်းနေတာပါ။ ဖြစ်စဉ်က မှန်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးလိုက်လို့ ဒဏ်ရာတော့ ရသွားပါတယ်။ အခုတော့ ဆေးရုံကို ပို့ထားပါတယ်။ သတိတော့ ရနေပါပြီ” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ကိုကျော်ဇေယျ၏ လည်ပင်း၌ ကျည်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပြီး လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ ရပ်ကွက်တွင်း လမ်းလျှောက်နေသော ဆယ်အိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း