တာချီလိတ်မြို့၌ ရပ်ကွက်တွင်း လမ်းလျှောက်နေသော ဆယ်အိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
NSS - ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရပ်ကွက်တွင်း၌ လမ်းလျှောက်နေသည့် ဆယ်အိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၄ ရက်)၊ ည ၁၀နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင် နေထိုင်သည့် သေဆုံးသူအမျိုးသားသည် အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ လမ်း လျှောက်နေစဉ် အကြမ်းဖက်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူးဖြစ်သူ ဦးစိုင်းရှဲန်(ခ)စိုင်းနောင် (၃၇)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်အကြမ်းဖက်သမားများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပြည်တွင်းသတင်းများနှင့် ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း