ယူကရိန်းတန်ပြန်ထိုးစစ်အား ရပ်တန့်ရန် ရုရှားက အင်အားရင်းမြစ်အားလုံးကို အသုံးပြုနေကြောင်း ဇီလန်စကီး သတိပေး
Htay Oung (NSS) - ဇူလိုင် ၁၆
ကိယက်ဗ်တပ်များရဲ့ တန်ပြန်ထိုးစစ်ကို ရပ်တန့်ရန် ရုရှားက သူ့ရဲ့အင်အားအရင်းအမြစ်များအားလုံးကို မီး ကုန်ယမ်းကုန် အသုံးပြုနေတယ်လို့ သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက ယူကရိန်းနိုင်ငံသားများကို သတိပေးလိုက်ပါတယ်။ သူ့ရဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကတော့ တောင်ပိုင်းမျက်နှာစာရဲ့တိုးတက် မှုအသစ်များကို တင်ပြခဲ့ကြတယ်လို့ Reuters က ဇူလိုင်လ ၁၅ ရက်မှာ ရေးသားပါတယ်။
ဒါပေမယ့် ယူကရိန်းစစ်ရေး လေ့လာသူတွေကတော့ တောင်ဘက်ကို ချီတက်ရတဲ့ကိစ္စဟာ ယူကရိန်းတပ်များအတွက် လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလ ရုရှားတပ်များ ကျူးကျော်စဉ် သိမ်းပိုက်ထားခံထားရတဲ့ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် တန်ပြန်ထိုးစစ်တစ်ရပ်ကို စတင်နေပါတယ်။
အဇော့ပင်လယ်နဲ့ အရှေ့ဘက် ဘက်ခ်မွတ်မြို့အနီးရှိ ဒေသများဆီကို ဦးတည်ချီတက်ကာ လပေါင်းအတော်ကြာ ပြင်းထန်တဲ့ တိုက်ပွဲများအပြီး မေလမှာ ရုရှားတို့လက်တွင်း ကျရောက်ခဲ့တဲ့ အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ထားပါတယ်။
ဘက်ခ်မွတ် အပါအဝင် အရှေ့ပိုင်း ဒွန်ညက်ဒေသမှာ ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုများကို မိမိတပ်များက ချေမှုန်းခဲ့တယ်လို့ ရုရှားအာဏာပိုင်များက သတင်းထုတ်ပြန်နေပါတယ်။
နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရုရှားတပ်တွေဟာ ကိယက်ဗ်စစ်သည်များကို ရပ်တန့်ရန်ဖို့အတွက် တတ် နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးက သောကြာနေ့ သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မိုင်ရာပေါင်းများစွာတိုင်အောင် အသေးစိတ်ရှင်းလင်း ချီတက်ခဲ့ပြီး တိုက်ခိုက်ရေး တပ်မဟာတိုင်းရဲ့ အောင်မြင်မှုအသီးသီးတို့ဟာ ပြည်သူတို့ရဲ့ ကျေးဇူးတင်မှုနဲ့ ထိုက်တန်ကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။
ရိုက်တာသတင်းအေဂျင်စီအနေနဲ့ကတော့ စစ်မြေပြင်သတင်းများနဲ့ ပတ်သက်ပြီး မှန်ကန်ခြင်း ရှိ-မရှိ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
သူ့ရဲ့ တပ်တွေဟာ ရန်သူကို ခြေကုပ်ယူရာ နေရာများမှ စနစ်တကျ ရှင်းလင်းနေကြောင်း အစည်းအဝေးအပြီး တောင်ပိုင်းရှိ ယူကရိန်းတပ်ဖွဲ့များရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ တာနာ့ဗ်စကီးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီကျော်အတွင်း ရုရှားတို့ရဲ့ အကျအဆုံးဟာ ၂၀၀ ထက်မနည်း ရှိလိမ့်မယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။
ဒါပေမယ့် တောင်ပိုင်း ဇာပိုရီဇင်းရှားအောဘလတ်- ဘာဒီယန်နက်ခ်ကို ချီတက်ဖို့ အခြေအနေဟာ အလွန်ခဲယဉ်းတယ်လို့ စစ်ရေး လေ့လာသူတစ်ဦးက ယူကရိန်း NV ရေဒီယိုနဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။ အဲဒီမြို့ဟာ ပင်လယ်နက်နဲ့ အစိတ်အပိုင်းဖြစ်တဲ့ အဇော့ပင်လယ်ရဲ့ ဆိပ်ကမ်းမြို့ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ယူကရိန်းတို့ကတော့ ၂၀၁၄ ခုနှစ် ခရိုင်မီးယားကို မော်စကိုတပ်များ သိမ်းယူပြီး ရုရှားကုန်းမြေနဲ့ဆက်သွယ်ရန် တည်ဆောက်ထားခဲ့တဲ့ စင်္ကြန်တံတားကြီးကို ဖြတ်တောက်ပစ်မယ်လို့ ပြောပါတယ်။
ရုရှားတပ်တွေဟာ ကြာမြင့်စွာ ပြိုင်ဆိုင်နေရတဲ့ မာရင်ကာမြို့အနီးနဲ့ ဘတ်ခ်မြို့တောင်ဘက်အစွန်းရှိ ဗျူဟာမြောက်ကျေးရွာတစ်ရွာ အပါအဝင် အရှေ့ဘက် မျက်နှာစာမှာ ယူကရိန်းတိုက်ခိုက်မှု ၁၆ ကြိမ်ကို ချေမှုန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
(Reuters., 15 July 2023,” Zelenskiy warns of Russian efforts to halt Kyiv's troops” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Wagner က ရုရှားနဲ့ ပြေလည်မှုရပြီးနောက် ဘီလာရုစ်မှာ စစ်ရေးလေ့ကျင့်မှုပေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ