Wagner က ရုရှားနဲ့ ပြေလည်မှုရပြီးနောက် ဘီလာရုစ်မှာ စစ်ရေးလေ့ကျင့်မှုပေးနေ
ရောင်နီ (NSS) - ဇူလိုင် ၁၆
ပြီးခဲ့တဲ့လက Wagner ခေါင်းဆောင်နဲ့ တိုက်ခိုက်ရေးသမားတွေ ရုရှား စစ်ခေါင်းဆောင်ရဲ့ အုပ်ချုပ်မှုတွေကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတစ်ခုပြုလုပ်ပြီးနောက် ရုရှားနဲ့ သဘောတူညီမှုရရှိခဲ့ပြီး အခုအခါမှာတော့ ဘီလာရုစ်မှာ ဘီလာရုစ်စစ်သားတွေကို စစ်ရေးလေ့ကျင့်မှု Training ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက Wagner Group ရဲ့ စီမံခန့်ခွဲမှုနဲ့အတူ မဝေးတော့တဲ့ အနာဂတ်အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မတူညီတဲ့ ဌာနခွဲတွေကြား အတွေ့အကြုံ လွှဲပြောင်းခြင်းအတွက် အစီအစဉ်တစ်ခု ရေးဆွဲခဲ့ကြောင်း သောကြာနေ့(ဇူလိုင်လ ၁၄ ရက်)မှာ ပြောကြားခဲ့ပါတယ်။ ၎င်းရဲ့ ပုန်ကန်မှုမစတင်မီ Wagner ဟာ ယူကရိန်း - ရုရှားစစ်ပွဲမှာ (၁၇)လကြာအထိ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ရုရှားဝန်ကြီးဌာနဟာ ဘီလာရုစ်မှာ Wagner တိုက်ခိုက်ရေးသမား ဘယ်လောက် ရှိနေတယ် ဒါမှမဟုတ် နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ မဖော်ပြထားပေမယ့် နောက်လာမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အများပြည်သူကို အသိပေးဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဘီလာရုစ်မြို့တော် မင့်ရဲ့အရှေ့တောင်ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာ အက်စီပိုဗီချီမြို့အနီး စစ်ရေးလေ့ကျင့်မှုစခန်းမှာ Wagner တိုက်ခိုက်ရေးသမားတွေက ဘီလာရုစ် စစ်သားတွေကို Training ပေးနေတာ ဖြစ်ပါတယ်။
ဘီလာရုစ်ဘသမ္မတ အက်လက်ဇန်းဒါး လူကာရှန်ကိုဟာ ဇွန်လ ၂၃ ရက်မှ ၂၄ ရက်အထိအတွင်း ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့ဗ်အွန်ဒွန်မြို့ကို သိမ်းပိုက်ပြီး မော်စကိုကို ချီတက်လာတဲ့ Wagner ရဲ့ပုန်ကန်မှုကို အဆုံးသတ်ဖို့ ကြားဝင်ကာ ညှိနှိုင်းကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ရုရှားနဲ့ Wagner ပြေလည်ခဲ့ပြီး သဘောတူညီချက်အရ Wagner အကြီးအကဲ ပရီဂိုဆင်ဟာ ရုရှားကို ပုန်ကန်မှုမှ ရပ်တန့်လိုက်ပြီး ၎င်းရဲ့ ကြေးစားရာထူးကိုလည်း ရပ်စဲလိုက်ပါတယ်။
ပရီဂိုဇင်ဟာ ဇွန်လ ၂၄ ရက်က ရော့စတော့ဗ်မှ ထွက်ခွာပြီး ကတည်းက လူမြင်ကွင်းမှာ ထွက်ပေါ်လာခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် ရုရှားသမ္မတ ပူတင်က Wagner တိုက်ခိုက်ရေးသမားတွေနဲ့ ထပ်မံပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၀၁၆) ခုနှစ်မှစတင်ကာ ဝါစိုက်ပျိုးမှု လျော့နည်းခဲ့ပြီး တစ်နိုင်ငံလုံးအတွက် ဝါလိုအပ်ချက် ပိဿာချိန် သန်း(၃၀၀)ကျော်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ