KNLA၊ PDF ပူးပေါင်းအဖွဲ့က ပြုပြင်နေဆဲ ကျုံအိတ်တံတားကို (၄၀)မမ ဗုံးသီးများဖြင့် (၄)ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်
NSS - ဇူလိုင် ၁၅
KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြုပြင်နေဆဲ ကျုံအိတ်တံတားကို (၄၀)မမ ဗုံးသီးများဖြင့် (၄)ကြိမ်မြောက် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၅ ရက်)၊ နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားတွင် အထက်ပါကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျုံအိတ်တံတားကို ရွှေရောင်ပြရွာထဲကနေ (၄၀)မမ ဗုံးသီး (၄)လုံးနဲ့ ပစ်တာပေါ့။ ဘာမှတော့ ထိခိုက်သွားတာမရှိပါဘူး။ ဘေးပတ်ဝန်းကျင်ကိုပဲ ကျသွားတာပါ။ တံတားလည်း ထိခိုက်မှု မရှိပါဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
၎င်းကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်တွင် မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် တံတားကို လာရောက်စစ်ဆေးသည့် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ထို့ပြင် ဇူလိုင်လ (၇)ရက်နှင့် (၉)ရက်တို့တွင်လည်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သော ကျုံအိတ်တံတားကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေစဉ် အထက်ပါပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ယနေ့တွင် ကျုံအိတ်တံတားအား (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် KNLA၊ PDF ပူးပေါင်းအဖွဲ့၏ (၄)ကြိမ် မြောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။
အထက်ပါကျုံအိတ်တံတားနှင့်ပတ်သက်၍ KNLA၊ PDF ပူးပေါင်းအဖွဲ့၏ တိုက်ခတ်မှုကြောင့် လူ(၃)ဦးသေဆုံးထားပြီး လူ(၃၀)ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာများရရှိထားသည်။
လက်ရှိတွင် ယင်းကျုံအိတ်တံတားကို ပြန်လည်ပြုပြင်နေသည်မှာ (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း(၆၃၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း