တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း(၆၃၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း(၆၃၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၉ ရက်)၊ ည ၈နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ပါဆက်ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့သည် အဆိုပါရပ်ကွက်ရှိ အိုက်ဖက်(ခ)စိုင်းဖတ်၏ နေအိမ်ကို သတင်းအရ ရှာဖွေ့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါအိမ်၌ မူးယစ်ဆေဝါး သယ်ဆောင်ရောင်းဝယ်မှုများပြုလုပ်ရန် ရောက်ရှိနေသော စိုင်းအွန်နှင့် အိုက်ကျိုင်းတို့ကို ငွေကျပ် သိန်း (၆၃၀၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၁၂၀)၊ အလေးချိန်(၄၂)ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ကား (EV) များကို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်မည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း