လျှပ်စစ်ကား (EV) များကို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်မည်
ပုံစာ - ပြည်တွင်းသို့ရောက်ရှိထားသည့် EV ကားအချို့အား တွေ့ရစဉ်
NSS - ဇူလိုင် ၁၅
လျှပ်စစ်ကား (EV) များကို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်ရန် A ဘဏ်မှ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဝယ်ယူမှုအတွက် ကနဦး (၃၀)ရာခိုင်နူန်းပေးသွင်းရမည်ဖြစ်ပြီး Amazing Auto ကုမ္ပဏီမှတင်သွင်းသော လျှပ်စစ်ကား (EV)များကို အရစ်ကျဝယ်ယူနိုင်ကြောင်း သိရသည်။
လျှပ်စစ်ကား EV များကို အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ရောင်းချရန် A bank ၊ A Insurance နှင့် Amazing Auto Co., Ltd တို့ ပူးပေါင်းလက်တွဲသည့် သဘောတူလက်မှတ်ရေးထိုးထားကြောင်းသိရသည်။
“ဝယ်ယူတဲ့ မည့်သည့်ကားအမျိုးအစားကိုမဆို လုံခြုံစိတ်ချရတဲ့ ကားအာမခံအကာအကွယ်များကို A Insurance မှ တစ်ပါတည်း ပေးအပ်သွားမယ်”ဟု Amazing Auto ကုမ္ပဏီပိုင်ရှင် ဦးကြည်သာဟန်က ပြောသည်။
အရစ်ကျစနစ်သည် သုံးနှစ်မှငါးနှစ်အထိ ဝယ်ယူသူစိတ်ကြိုက် ငွေပေးချေမှုပုံစံဖြင့် ရွေးချယ်နိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လအထိ က.ည.န ၌ မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံး ယာဉ်အမျိုးမျိုးသည် အစီးရေ (၃၂၀၀)ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေကြောင်းဝန်ဆောင်မှုများနှင့်အတူ စီးပွားဖြစ်လေကြောင်းလိုင်းအဖြစ် ဆက်လက်လည်ပတ်သွားမည်ဟု MAI ကတိပြု
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း